အင်္ကျီအနီရောင်၀တ်ဆင်ထားသူ စက်ဘီးစီလူငယ် ၃ဦးကို စစ်ကောင်စီတပ်က ရိုက်နက်ဖမ်းဆီး

အင်္ကျီအနီရောင်၀တ်ဆင်ထားသူ စက်ဘီးစီလူငယ် ၃ဦးကို စစ်ကောင်စီတပ်က ရိုက်နက်ဖမ်းဆီး

ဩဂုတ် ၈

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်အတွင်း ယနေ့ ဩဂုတ် ၈ရက် နံနက်ပိုင်းတွင် အနီးရောင်အင်္ကျီ ၀တ်ဆင်ထားသူ လူငယ်သုံးဦးကို ရိုက်နက်ဖမ်းဆီး ခေါ်သွားခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများထံက သိရသည်။

" အောင်သပြေ ဖယောင်းပုဆိုး အရောင်းပြခန်း ရှေ့မှာဖြစ်သွားတာဗျ။ ကလေးတွေထဲက တစ်ယောက်ဆို "သားကဘာလုပ်လိုလဲ"ဆိုပြီး ပြန်ပြောသံကြားရတယ်ဗျာ။ သေနပ်ဒင်နဲ့လဲထုတ်တယ်။ သူတို့မိဘတွေတော့ ရင်ကျိုးမှာပဲ။" ဟုမျက်မြင်တွေ့ရှိသူက ပြောပြသည်။

စက်ဘီးစီး လူငယ်သုံးဦးမှာ လမ်းမတော်အနော်ရထား လမ်းပေါ်တွင် စက်ဘီးစီးကာ သွားလာနေစဉ် လုံခြုံရေးလှည့်လာသည့် စစ်ကောင်စီကားက တွေ့ရှိကာ ကားရပ်ပြီး ရိုက်နက်ခါ်ဆောင်သွားခြင်း ဖြစ်ကြောင်းနှင့် စစ်ကားပေါ်တွင် ပါလာသည့် အကြီးအကဲတာဝန်ရှိပုံပေါ်သောစစ်သားက အဆိုပါလူငယ်များအား ပြင်းထန်စွာရိုက်နှက်ရန် နှုတ်မိန့်ပေးနေခဲ့ကြောင်း မျက်မြင်တွေ့ရှိတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ထို့နောက်လူငယ်သုံးဦးနှင့် စက်ဘီးများပါ စစ်ကားပါ်သို့တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ တွင်ကျရောက်သည့် ၃၃ နှစ်ပြည့် ၈လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မြို့နယ်အချို့တွင် ဆန္ဒထုတ်ဖော်မှုများ ရှိနေခြင်းဖြစ်သည်။ ရန်ကုန်မြို့၏ မြို့တွင်းနေရာတစ်ချို့ရှိ စာသင်ကျောင်းများ လမ်းဆုံ လမ်းခွ နေရာများ၌ စစ်ကောင်စီအပေါင်းပါတပ်များ လုံခြုံရေးယူထားသည့်အပြင် ယာဉ်ထိန်းရဲကားနှင့် စစ်ကောင်စီကားတချို့ ယခင်ရက်များထက် လစောင့်ကြည့်နေလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly