မကွေးမြို့ပေါ် စစ်သုံးရဟတ်ယာဉ်တွေ အနိမ့်ပျံသန်းနေလို့ မြို့နေပြည်သူတွေ စိုးရိမ်းထိတ်လန့်မှုဖြစ်

မကွေးမြို့ပေါ် စစ်သုံးရဟတ်ယာဉ်တွေ အနိမ့်ပျံသန်းနေလို့ မြို့နေပြည်သူတွေ စိုးရိမ်းထိတ်လန့်မှုဖြစ်

ဩဂုတ်-၇

မကွေးမြို့ပေါ်မှာ မွန်းလွဲ ၂နာရီခန့်က စစ်သုံး ရဟတ်ယာဉ် အနိမ့်ပျံသန်းနေတာကြောင့် မြို့လူထုအနေနဲ့ စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့သိရပါတယ်။

"ဒီလို မြို့ပေါ်မှာ အကြိမ်ရေအတော်များများ လှည့်ပတ်ပျံသန်းနေတော့ ကြောက်ရမလား လန့်ရမလား ထွက်ပြေးရမလား ဖြစ်ကုန်တယ်။အခုလို အနိမ့်ပျံသန်းမယ်ဆိုရင်တော့ ပြည်သူကို ဘာကြောင့်ဆိုတာ ထုတ်ပြန်ပေးသင့်တယ်။"လို့ မြို့ခံတစ်ဦးကပြောပါတယ်။

အခုလိုပျံသန်းတာ အသေးတစ်စင်း၊အကြီးတစ်စင်း ပျံသန်းခဲ့တာဖြစ်ပြီး အသေးကတော့ တစ်ကြိမ်ပဲ ပျံသန်းတာတွေ့ရတယ်လို့ မျက် မြင်တစ်ဦးကဆိုပါတယ်။

ဓါတ်ပုံ၊ဇော်မင်းထိုက်(ကျေးလက်​မြေ)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly