တရုတ်သို့ လျှို့ဝှက်ချက်များ လွှဲပြောင်းပေးမှုဖြင့် ဂျာမန် အကြံပေးပညာရှင်အဖွဲ့အကြီးအကဲ၏ဇနီး တရားစွဲခံရ

တရုတ်သို့ လျှို့ဝှက်ချက်များ လွှဲပြောင်းပေးမှုဖြင့် ဂျာမန် အကြံပေးပညာရှင်အဖွဲ့အကြီးအကဲ၏ဇနီး တရားစွဲခံရ

တရုတ်အတွက် သူလျှိုလုပ်မှုဖြင့် တရားစွဲဆိုခံရသော ဂျာမန်ပညာရှင်တစ်ဦး၏ ဇနီးဖြစ်သူက လျှို့ဝှက် ထောက်လှမ်းရေးများနှင့် သတင်းအချက်အလက်များဝေမျှခြင်းသည် ခင်ပွန်းဖြစ်သူအား ကူညီခဲ့ခြင်းသာ ဖြစ်ကြောင်း မိမိကိုယ်ကိုကာကွယ်နေသည့်အနေဖြင့် ပြည်ထောင်စုရှေ့နေ့များအား သြဂုတ်လ ၂ရက်တွင် ထွက်ဆိုလိုက်သည်။

ဂျာမန်-အီတလီနိုင်ငံသားဖြစ်သူ ကလာရာကေနှင့် ခင်ပွန်းဖြစ်သူ ကလော့စ်အယ်လ်တို့သည် ၂၀၁၀ ပြည့်နှစ်က ရှန်ဟိုင်းမြို့သို့ စာပေခရီးစဉ်အတွင်း တရုတ်ထောက်လှမ်းရေးများ၏ စည်းရုံးမှုခံခဲ့ရကြောင်း ကာဆူ ရယ်လ်မြို့ရှိအစိုးရရှေ့နေများက ဆိုသည်။

ယင်းစုံတွဲသည် ထိုအချိန်မှစ၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ တရုတ်ထောက်လှမ်းရေးများသို့ အရေးကြီးဖြစ်ရပ်များမဖြစ်ခင်ဖြစ်စေ၊ တရုတ်သို့အလည်အပတ်သွားရောက်၍ ဖြစ်စေ၊ နိုင်ငံတကာအစည်းအဝေးများတက်ရောက်၍ဖြစ်စေ သတင်းအချက်အလတ်များကိုပုံမှန်ပေးပို့ခဲ့သည် ဟု အစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။

ကလော့စ်အယ်လ်သည် ၂၀ဝ၁ ခုနှစ်မှစ၍ နိုင်ငံရေး အကြံပေးပညာရှင်များအဖွဲ့ကို ဦးဆောင်ခဲ့ပြီး သူ၏ ဂုဏ်သတင်းနှင့် နှစ်ပေါင်းများစွာတည်ဆောက်ခဲ့သော ကွန်ရက်များကြောင့် နိုင်ငံတကာတွင် အရေးပါခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

၎င်းတို့စုံတွဲသည် ကလော့စ်အယ်လ်၏ အဆင့်မြင့် နိုင်ငံရေးအဆက်အသွယ်များစွာမှ အချက်အလက်များကို အဓိက ရယူခဲ့သည်ဟုလည်း ၎င်းတို့က ဆိုသည်။

ထိုသတင်းအချက်အလက်များနှင့် သူတို့ကို ကိုင်တွယ်သူများနှင့် တွေ့ဆုံရန် ခရီးသွားခြင်းအတွက် တရုတ် ထောက်လှမ်းရေးများက ငွေကြေးပေးသည်ဟု စွပ်စွဲခံထားသည်။

ကလော့စ်အယ်နှင့် ဇနီးတို့သည် ရုံးတင်စစ်ဆေးခြင်းမတိုင်မီ ထိန်းသိမ်းခံရခြင်းမရှိပေ။

ကလော့စ်အယ်သည် ဂျာမနီဖက်ဒရယ်ထောက်လှမ်းရေးအတွက်နှစ်ပေါင်း ၅၀ ခန့် အလုပ်လုပ်ခဲ့ပြီး သူ၏ အသက်မွေးဝမ်းကျောင်းကာလအတွင်း ထိပ်တန်း ပရော်ဖက်ရှင်နယ် အဆက်အသွယ် များထံမှ သတင်း အချက်အလက်များရယူပေးပို့ခဲ့သည့်အတွက် ငွေရရှိခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

၎င်းတို့ ၂ ဦး မြူးနစ်လေဆိပ်သို့ သွားနေစဉ် စုံစမ်းစစ်ဆေးသူများသည်သူ၏နေအိမ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရှာဖွေခဲ့သည်ဟု ARD သတင်းက ဆိုသည်။

ကလော့အယ်လ်အမှုအား ၂၀၂၁ခုနှစ်မှသာ တရားဝင်ထုံးစံအတိုင်း တရားစွဲဆိုခြင်းက အမှုက မည်မျှရှုပ်ထွေး နေကြောင်း ဖော်ပြနေသည်ဟု ARD သတင်းက ဆိုပြီး တရုတ်အတွက် သူလျှိုလုပ်ခဲ့ကြောင်းကို သူက ငြင်းဆိုခြင်းမရှိသော်လည်း ဂျာမန်လျှို့ဝှက်ထောက်လှမ်းရေးက ယင်းကိစ္စကို သိကြောင်း သူက အခိုင်အမာ ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly