မြေလတ်ဒေသဖြစ်သည့် အောင်လံမြို့တွင် မိုးရေချိန် စံချိန်သစ်တင်

မြေလတ်ဒေသဖြစ်သည့် အောင်လံမြို့တွင် မိုးရေချိန် စံချိန်သစ်တင်

ဩဂုတ် ၆

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ အောင်လံမြို့တွင် ယနေ့မိုးရေချိန်စံချိန်သစ်တင် ရွာသွန်းခဲ့သည်။ 

အောင်လံမြို့တွင် ၂၄ နာရီအတွင်း ၃ ဒဿမ ၆၂ လက်မဖြင့် မိုးရွာနှုန်းစံချိန်သစ်တင်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက  ယနေ့ (သြဂုတ် ၆ရက် ) ထုတ်ပြန်ကြေညာထားသည်။ ယခင်စံချိန်ဟောင်းမှာ ၁၉၉၃ခုနှစ် သြဂုတ် ၁၉ ရက်က ရွာခဲ့သည့် မိုးရေချိန် ၂ဒဿမ ၆၄ လက်မ ဖြစ်သည်။

မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ်မိုးရွာသွန်းလျှက်ရှိပြီး ထပ်မံ၍ မိုးကြီးနိုင်သေးကြောင်း မိုလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၊ မြဝတီမြို့  တို့တွင်လည်း

ရေဘေးကြုံတွေ့နေရသည်။ အခြားနေရာဒေသများတွင်လည်း ရေကြီး‌ ရေလျှံမူများ ဖြစ်ပေါ်နေပြီး ဒေသအများအပြားတွင်မိုးများနိုင်‌ေသးသည်ဟု မိုးဇလဌာနက သတိပေး ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly