ဆီးရီးယားရှိ ကာ့ဒ်တို့ထိန်းချုပ်ထားသောမြို့တွင် ထရပ်ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၂ ဦးသေဆုံး

ဆီးရီးယားရှိ ကာ့ဒ်တို့ထိန်းချုပ်ထားသောမြို့တွင် ထရပ်ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၂ ဦးသေဆုံး

ဘေရွတ်၊ ဒီဇင်ဘာ ၁၁ ။           ။ ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကာ့ဒ်တို့ထိန်းချုပ်ထားသော မြို့တစ်မြို့တွင် ထရပ်ကားဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၂၂ ဦးသေဆုံးသွားသည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီဇင်ဘာ ၁၁ တွင်ပြောကြားသည်။

ဒီဇင်ဘာ ၁၀နေ့နောက်ပိုင်းက တဲလ်တိမ်းမားမြို့တွင် ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ နောက်ထပ်တိုးလာနိုင်သည်ဟုလည်း ၎င်းအဖွဲ့ကပြောသည်။ အရှေ့မြောက်ပိုင်း ဟာဆက်စကာပြည်နယ်ရှိ ၎င်းမြို့မှာ ကာ့ဒ်လူမျိုး YPG ပြည်သူ့စစ်များထိန်းချုပ်ထားပြီး ကာ့ဒ်ပြည်သူ့စစ်များသည် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုထောက်ကူမှုဖြင့် အိုင်အက်စ်တို့ကို တိုက်ခိုက်လျက်ရှိသည်။

YPG သည် အမေရိကန်ဦးဆောင်သော မဟာမိတ်များအတွက် ဆီးရီးယားစစ်မြေပြင်တွင် အထိရောက်ဆုံးတိုက်ခိုက်ပေးနေသော မိတ်ဖက်တစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly