နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၅ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၅ ဩဂုတ် ၂၀၂၁)
ပုံ - ထားဝယ်ခရိုင်သပိတ်ကော်မတီနှင့် မြို့နယ်အတွင်းရှိ လူငယ်များ ပူးပေါင်းကာ ' ဒူးမထောက် လက်မမြှောက် ဗထူးသွေးနဲ့ ရှေ့ဆက်လျှောက်' ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်နေစဉ် ( Photo - CJ)

 ရန်ကုန်တိုင်းဒေသကြီး

·       ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ တပင်ရွှေထီးလမ်းပေါ်က မြိုင်မဟာလဘက်ရည်ဆိုင် တွင် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒလန်လို့သတ်မှတ်ထားသည့် ဆိုင်ရှင်ဖြစ်သူ ခန္ဓာကိုယ်အောက်ပိုင်း ဗုံးထိမှန်ခဲ့ကြောင်း သိရသည်။

·       ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဦးဖိုးလှဘုရားလမ်း၊ (၅၃) ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူးရုံးအား ဩဂုတ်လ ၅ ရက် နံနက် ၁၁း၃၀ နာရီချိန်က သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်းသတင်းရရှိသည်။

·       ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တွင် မဲရှုံးကြံ့ဖွတ်အမတ်လောင်း ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်းက ကမာလူကျေးရွာသို့အသွား ခရမ်းမြို့နယ်အနောက်ခြမ်းရှိ ရဲမွန်ဘုန်းကြီးကျောင်းအနီးက အရက်ဆိုင်ရှေ့တွင် သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

·       လှိုင်မြို့နယ် ၁၆ ရပ်ကွက် အုတ်ကျင်းလမ်း အရှေ့ပေ၅၀လမ်းထဲက အအေးဆိုင်တွင် ယနေ့နေ့လည်၁နာရီဝန်း ကျင် ခန့် ကဆိုင်ရှင်လင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယသြဂုတ်လ ၄ရက်နေ့က ညပိုင်းက ၌ နေ့စဉ်ပြု လုပ်နေကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် အိမ်စောင့် စစ်ခွေးမောင်းချရေး ညသပိတ်ပြုလုပ်ခဲ့သည်။

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၅ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာ ပို့ပြီး အကြမ်းဖက် အိမ်စောင့်စစ်ခွေး ဖြုတ်ချရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·       "ငါတို့နိုင်မှ လွတ်မယ့်သူတွေ ကျွတ်မယ့်သူတွေအတွက် သွေးမအေးဘူး။အဆုံးထိ တိုက် မယ်"ဟုဆိုပြီး ဩဂုတ် ၅ရက်၊ညနေပိုင်းမှာ မန္တလေး သံဃသမဂ္ဂသပိတ် စစ်ကြောင်းဟာ ချီတတက်ဆန္ဒပြခဲ့ပါတယ်။

·       မန္တလေးတွင် တကသ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ် ၅ရက်နေ့တွင် " စစ်ခွေးသွေး နှင့်ခြေဆေးမယ် " အကြမ်းဖက် အိမ်စောင့် စစ်ခွေးမောင်းချရေး ချီတက် ဆန္ဒခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ညက စစ်ခွေးကို သံပုံးတီး မောင်းချကာ ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ၁၇၉ ရက် တိုင် မိုးရွာမရှောင်နေပူမရှောင် စစ်အာဏာရှင်ကို နေ့စဉ်မပျက် တော်လှန် နေသည့် ကလေးမြို့ လူထု သပိတ်စစ်ကြောင်းအောင်မြင်စွာချီတက်နိုင်ခဲ့ပြီး အဝတ် masks ဝေငှ ခဲ့ကြတယ်လို့သိရပါတယ်။

·       စစ်ကိုင်းတိုင်း ယင်းမာခရိုင် ဆားလင်းမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်းရွာပေါင်းစုံ သပိတ် စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၅ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ရွှေဘိုခရိုင်ရေဦးမြို့နယ်၊ညောင်နီကန်အုပ်စု အုပ်ချုပ်ရေးမှူးဦးသောင်းဋ္ဌေးသည် COVID-19 ကာကွယ် ဆေးထိုးပြီး ဆိုင်ကယ်ဖြင့် ရွာပြန်အလာမှာ အမည်မသိ လူတစုက တားဆီးရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

·       မုံရွာ-အမြင့်လမ်း ပင်မသပိတ်စစ်ကြာင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၅ရက်နေ့က ရေဝင်လိုင်း ဒေသများသို့ လှည့်လည်ကာ အကြမ်းဖက် အိမ်စောင့် စစ်ခွေးမောင်းချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး

·       မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထု ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၅ ရက် အရုဏ်ဦးတွင် " အိမ်ရှင်ခွင့်မပြု ခွေးငပု ၊ မင်းအခုဆင်း " ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြကြသည်။

·       တောင်တွင်းကြီးမြို့၊ နတ်မောက်လမ်းရှိ မောင်းတိုင် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးငွေ ၏နေအိမ်တွင်    ယနေ့ နံနက် ၅ နာရီအချိန် ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

·       တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာတွင် သြဂုတ်လ ၅ ရက် နံနက်ပိုင်းက အိမ်စောင့် စစ်ခွေး အလိုမရှိ ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။

·       လောင်းလုံးမြို့နယ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၅ရက်နေ့ မွန်းလွဲပိုင်းက "အိမ်စောင့်ခွေးကို မောင်းထုတ်ကြစို့" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ထားဝယ်မြို့တွင် ယနေ့ သြဂုတ်လ ၅ရက်နေ့က အခြေခံလူတန်းစား ပြည်သူများအား လူငယ်များ ဦးဆောင်ကာ ကိုဗစ်ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ဆေးဝါများ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း ခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       ထားဝယ်တွင် တောင်ပိုင်းသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက "အိမ်စောင့်ခွေး အလိုမရှိ" ကြွေးကြော်ပြီး အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်ပုံ မီးရှို့ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်

·       ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ တော်လှန်ပြည်သူများသည် သြဂုတ်လ ၅ ရက် နံနက်တွင် ဆိုင်ကယ်သပိတ်စစ်ကြောင်းဖြင့် ကျေးရွာတွင်း လှည့်လည်ကာ စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးရေး ကြွေးကြော်ဆန္ဒပြကြသည်။

·       ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၈ တပ်ရင်းမှ သြဂုတ်လ ၅ ရက် နံနက်အစောပိုင်းတွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် လက်နက်ကြီး များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်

·       မြန်မာနိုင်ငံတဝှမ်းရှိ ဒေသအလိုက် ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့ PDF များဖြင့် မိုးဗြဲ MPDF တပ်ဖွဲ့တို့သည် မဟာမိတ်ညီနှောင်များ အဖြစ် ဇူလိုင်လ ၆ ရက်နေ့က စတင်ပြီး ဖွဲ့စည်းပေါင်းစည်း လိုက်ကြောင်း မိုးဗြဲ MPDF က သတင်းထုတ်ပြန်ထားသည်။

·       ရှမ်းပြည်နယ် ပန်ဆိုင်းမြို့တွင် သြဂုတ်လ ၃ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က ဒုတိယတပ်ရင်းမှူးနှင့် ဒုတိယတပ်ခွဲမှူး အပါအဝင် ၅ဦး သေဆုံးကြောင်း သိရသည်။

·       ရှမ်းပြည်နယ် ပန်ဆိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ သြဂုတ်လ ၃ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဖိုင်ကောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၄ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်များစွာထိခိုက် ပျက်စီးခဲ့ ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

ကယားပြည်နယ်

·       ကယားပြည်နယ် လွိုင်ကော်မြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးရှောင် ပြည်သူ ၂၅၄၁ ဦး နေထိုင်နေသည့်စခန်းတွင်  ကိုဗစ်-၁၉ ကူးစက်ခံနေရသူ (၇)ဦးရှိကြောင်း ယနေ့ သြဂုတ်လ ၅ရက်နေ့တွင် တိုးတက်သော ကရင်နီပြည်သူ့  အင်အားစုက သတင်းထုတ်ပြန်ထားသည်။

မွန်ပြည်နယ်

·       မွန်ပြည်နယ်၊ပေါင်မြို့နယ် လူငယ်များမှ  ဩဂုတ် ၅ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ အမည်‌ပြောင်း အိမ်စောင့်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။

·       မွန်ပြည်နယ် ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင်  ဖမ်း‌ဆီးထိန်းသိမ်းထားသည့် အမျိုးသားတစ်ဦး ဩဂုတ် ၄ ရက်နေ့ကာ သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းမှ မိဘများထံအကြောင်း ကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly