ကိုဗစ်ကူးစက်မှုနဲ့နိုင်ငံတကာအခြေအနေ

04 August 2021
ကိုဗစ်ကူးစက်မှုနဲ့နိုင်ငံတကာအခြေအနေ

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်တချို့မှာ COVID-19 ရောဂါနဲ့ ဆေးရုံရောက်လာသူတွေ ပြန်များလာနေပါတယ်။ မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတဲ့ Delta ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ ကြုံနေရတာဖြစ်ပြီး ပြည်နယ်တချို့မှာ ကူးစက်မှုတွေ စံချိန်တင် ပြန်မားလာနေပါတယ်။ လူဝီစီယားနား၊ဖလောရီဒါ နဲ့အာကန်ဆော့ ပြည်နယ်တွေမှာ Delta ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ တွေ့လာချိန်ကစလို့ ကိုဗစ်ကြောင့် ဆေးရုံရောက်လာသူတွေ တကျော့ပြန် များလာနေတာလို့ အဲ့ဒီပြည်နယ်တွေက တာဝန်ရှိသူတွေက ပြောပါတယ်။ အထင်ကရ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ Lindsey Graham လည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးမှာကိုပဲ ရောဂါ ကူးစက်ခံနေရပါတယ်။ ကာကွယ်ဆေးထိုးလားလို့သာ သူ့အနေနဲ့  ရောဂါ လက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရတာ ဖြစ်တယ်လို့လည်း မစ္စတာ Graham က သူ့ရဲ့ တွီတာလူမှုကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်။ ခုကတော့ တုပ်ကွေးလက္ခဏာလောက်သာ ခံစားရပြီး နေအိမ်မှာ ၁၀ ရက် သီးခြား ကွာရန်တင်း နေသွားမယ်လို့ မစ္စတာ Graham က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေးထိုးပြီးသူ အရေအတွက် ပိုများလာနေတယ်ဆိုပေမဲ့ ကာကွယ်ဆေး မထိုးရသေးသူတွေလည်း အများအပြား ကျန်နေပါသေးတယ်။  ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းမှုတွေအပြင် ကူးစက်မှုတွေ ပိုဆိုးလာနေတဲ့ နေရာတွေမှာ နှာခေါင်းစည်း မဖြစ်မနေ တပ်ဖို့နဲ့ လုပ်ငန်းဌာနတွေမှာ လိုက်နာရမယ့် ကိုဗစ် ကာကွယ်ဆေးစည်းကမ်းချက်သစ်တွေလည်း တာဝန်ရှိသူတွေက ပြန်လည် ထုတ်ပြန်ထား ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly