ထိုင်းနိုင်ငံတွင်း ကိုဗစ်ရောဂါဖြစ်သူတိုးများလာနေတာနဲ့အမျှ ဗုဒ္ဓဘာသာသံဃာတော်တချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးတာတွေ၊ အောက်စီဂျင်ကအစ ဆေးဝါး အစားအစာတွေကိုပါ လိုက်လံဝေငှထောက်ပံ့တာတွေကို လုပ်လာကြပါတယ်။ သံဃာတော်တွေ တခွန်းပြောလိုက်တာနဲ့လိုသမျှ ထောက်ပံ့ကူညီကြတဲ့ ဒကာဒကာမတွေ အခုလို ကပ်ရောဂါဘေးသင့်ချိန်မှာ တလှည့်ပြန်ကူညီစောင့်ရှောက်ခွင့်ရတာကို ပီတိဖြစ်ရကြောင်းနဲ့ရောဂါကူးမယ်ဆိုရင်တောင်မှ နောင်တမရပါဘူးလို့လည်း မိန့်တော်မူကြပါတယ်။ အေအက်ဖ်ပီ သတင်းတပုဒ်ကို မခွါညိုက တင်ဆက်ထားပါတယ်။