ကိုဗစ်၏ မူလဇစ်မြစ်အား မဖော်ထုတ်ရန် ဝူဟန်ဓာတ်ခွဲခန်းအကြီးအကဲက အမိန့်ပေးထားသည့် အီးမေးလ်ပေါက်ကြား

ကိုဗစ်၏ မူလဇစ်မြစ်အား မဖော်ထုတ်ရန် ဝူဟန်ဓာတ်ခွဲခန်းအကြီးအကဲက အမိန့်ပေးထားသည့် အီးမေးလ်ပေါက်ကြား

တရုတ်နိုင်ငံ ဝူဟန်ဗိုင်းရပ်စ်ရောဂါဗေဒဌာန ညွှန်ကြားရေးမှူးက ကိုဗစ်အကြောင်း မပြောရန် သိပ္ပံပညာရှင်များအား အမိန့်ပေးခဲ့သည့် အီးမေးလ်များ ပေါက်ကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနက လွတ်လပ်စွာ သတင်းရယူခွင့်မှတစ်ဆင့် ရရှိထားသည့် အချက်အလက်များတွင် ကွန်မြူနစ် ပါတီသည် အစောပိုင်းကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့ကြောင်း ညွှန်ပြသည့်သက်သေများကို သိရှိခဲ့ရသည်။

ပြည်သူ့ကျန်းမာရေးသုတေသန အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းဖြစ်သော အမေရိကန်သိပိုင်ခွင့် (USRTK) အဖွဲ့က အီးမေးလ်များကို ထုတ်ဖော်ခဲ့ရတွင် ဝူဟန်ဗိုင်းရပ်စ်ရောဂါဗေဒဌာန ညွှန်ကြားရေးမှူးက ဝန်ထမ်းများကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် ကိုဗစ်-၁၉ရောဂါအကြောင်း မဆွေးနွေးရန် ပြောကြားခဲ့ခြင်းကို ဖော်ပြခဲ့သည်။

တရုတ်မီဒီယာများမှ ဆင်ဆာဖြတ်ထားသောကိစ္စရပ်များကို သိမ်းဆည်းထားသည့် အများပြည်သူဆိုင်ရာ ရင်းမြစ်တစ်ခုဖြစ်သော Terminus 2049 မှ မျှဝေထားသောမှတ်စုတစ်ခုတွင် ဝူဟန်ဓာတ်ခွဲခန်းအကြီးအကဲက ပြောကြားခဲ့ကြောင်း စွပ်စွဲထားသည့် ညွှန်ကြားချက်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်နှင့်ပတ်သက်၍ အများသိရှိမထားသည့် အကြောင်းရင်းများကို မထုတ်ပြန်ဘဲ တင်းကြပ်စွာ တားမြစ်ရန် ဝန်ထမ်းများအား ဝူဟန်ဓာတ်ခွဲခန်း၏ ညွှန်ကြားရေးမှူးချုပ်က အီးမေးလ်ပို့ခဲ့ဖွယ်ရှိသည်။

ဒါရိုက်တာဖြစ်သူ ပါမောက္ခ ဝမ်ယမ်ယိက ဗိုင်းရပ်စ်ယိုစမ့်ထွက်ပေါ်ခဲ့သည်ဟူသော စွပ်စွဲချက်အားလုံးကို ယခင်က ငြင်းဆိုခဲ့ပြီး သူမ၏ စက်ရုံသည် ၁၀ဝ ရာခိုင်နှုန်း လုံခြုံစိတ်ချရသည်ဟု အခိုင်အမာပြောကြားခဲ့သည်။

USRTK က ရရှိခဲ့သည့် တရားဝင်သံတမန်ဆိုင်ရာ သတင်းမက်ဆေ့များတွင် ကွမ်ကျိုးအခြေစိုက် ဘလော့ဂါတစ်ဦး၏ သတင်းကိုကိုးကားဖော်ပြခဲ့သည်။ စိစစ်စောင့်ကြည့်သူများက ယင်းသတင်းကို အင်တာနက်မှ ဖြတ်တောက်ခဲ့သည်။

“ကိုဗစ် -၁၉ အကြောင်းမဆွေးနွေးရန် ဝန်ထမ်းများအား ဝူဟန်ဗိုင်းရပ်စ် ရောဂါဗေဒဌာန ညွှန်ကြားရေးမှူးက ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့်အမိန့်နှင့် ပတ်သက်၍ ကွမ်ကျိုးအခြေစိုက်ဘလော့ဂါတစ်ဦးက ရေးသားခဲ့သည်” ဟု သတင်းမက်ဆေ့က ဖော်ပြခဲ့သည်။

ယင်းရေးသားချက်ကိုလည်း ဆိုရှယ်မီဒီယာတွင် ဖော်ပြခွင့်ပိတ်ပင်ခဲ့ရသည်။

ယင်းသတင်းမက်ဆေ့များကို "SBU" ဟု အမှတ်အသားပြုခဲ့ပြီး ထိရှိလွယ်သော်လည်း များစွာ အရေးပါသည့် သတင်းအဖြစ် မမှတ်ယူခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required