ဗြိတိန်တွင် အသက် ၂၀ အရွယ် အင်္ဂလိပ်များအား သတ်ခဲ့သည့် ပါကစ္စတန်အမျိုးသား ၆ ဦး ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရ

By newscomworld.com/
03 August 2021
ဗြိတိန်တွင် အသက် ၂၀ အရွယ် အင်္ဂလိပ်များအား သတ်ခဲ့သည့် ပါကစ္စတန်အမျိုးသား ၆ ဦး ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရ

ဗြိတိန်နိုင်ငံ၊ အနောက်ယော့ရှိုင်းယားမြို့ရှိ ဘတ်ကတလေလမ်းပေါ်တွင် အသက် ၂၀ အရွယ် အင်္ဂလိပ်လူမျိုး ဘရက်ဒ်လေဂလက်ဟေးကို သတ်ဖြတ်ခဲ့ပြီး ၎င်း၏ အဖော် ၂ ဦးကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည့် ပါကစ္စတန်အမျိုးသား ၆ ဦးကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်သည်။

သေဆုံးသူသည် အင်္ဂလိပ်လူဖြူအမျိုးသားဖြစ်ပြီး ၎င်းအား သတ်ဖြတ်သူများသည် ပါကစ္စတန်နိုင်ငံသားများ ဖြစ်သောကြောင့် ဆူပူခြင်း၊ ဆန္ဒပြခြင်းများ ဖြစ်ပွားခြင်းမရှိခဲ့ပေ။

လူသတ်မှုနှင့် အဓိက စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇွန်လက ဖြစ်ပွားခဲ့သည့် အဆိုပါ လူသတ်မှုအပေါ် ချမှတ်သည့် ပြစ်ဒဏ်အား ကြိုဆိုခဲ့သည်။

၆ ဦးအနက် ၄ဦးကို အခြားအမျိုးတစ်ဦးအား သတ်ဖြတ်ရန် ကြိုးပမ်းမှုနှင့် ၎င်းတို့အနက် ၁ ဦးသည်လည်း အခြား ၃ ဦးကို ထိခိုက်နာကျင်စေမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

လိဒ်စ်ခရောင်း တရားရုံး၌ အမှုကိုစစ်ဆေးပြီးနောက် ၎င်းတို့ကို ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly