စင်ကာပူကနေ ဘင်္ဂလားဒေ့်ရှ်ကို မောင်းနှင်လာတဲ့ သင်္ဘော ရေဝင်မှုဖြစ်ကာ မျောပါသွားလို့ ရေကြောင်း သတိပေးချက် ထုတ်ပြန်

စင်ကာပူကနေ ဘင်္ဂလားဒေ့်ရှ်ကို မောင်းနှင်လာတဲ့ သင်္ဘော ရေဝင်မှုဖြစ်ကာ မျောပါသွားလို့ ရေကြောင်း သတိပေးချက် ထုတ်ပြန်

ဩဂုတ် ၃

စင်ကာပူနိုင်ငံကနေ ဘင်္ဂလားဒေ့်ရှ်နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းကို ဩဂုတ်လ ၁ ရက်နေ့ ည ၇ နာရီက စတင် မောင်းနှင်ထွက်ခွာလာတဲ့ သင်္ဘောဟာ တနင်္သာရီတိုင်းဒေသကြီး၊ ဇာဒက်ကြီးကျွန်း အနောက်ဘက် ရေမိုင် ၉၀ အကွာမှာ သင်္ဘောထဲကို ရေဝင်ရောက်မှုဖြစ်ပွားပြီး မျှောပါသွားတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြား ဦးစီးဌာနက မနေ့က ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အခုမျှောပါသွားတဲ့ သင်္ဘောဟာ ဗီယက်နမ်နိုင်ငံ Tan Binh ကုမ္ပဏီပိုင် ပနားမားနိုင်ငံ မှတ်ပုံတင် သင်္ဘောဖြစ်ပြီး သင်္ဘောအတွင်း ရေဝင်ရောက်လာပြီးနောက် ရေယာဉ်ဝန်ထမ်းတွေက ရေယာဉ်ကို စွန့်ခွာခဲ့ရာ မောင်းသူမဲ့ မျှောပါသွားတာ ဖြစ်ပါတယ်။

ရေဝင်ရောက်မှု ဖြစ်ပွားပြီး မောင်းသူမဲ့ မျှောပါခဲ့တဲ့ ရေယာဉ်တည်နေရာ လက်တ္တီကျူ ၁၀ ဒီဂရီ ၀၂ မိနစ်  နဲ့ လောင်ဂျီကျူ ၀၉၆ ဒီဂရီ ၄၇ မိနစ် (E) နေရာနဲ့ ဦးတည်ဧရိယာ မိုင် (၄၀) အတွင်း ရေယာဉ်တွေအနေဲ့ သတိထား သွားလာကြဖို့ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly