ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာသဖြင့် တရုတ်စက်မှုလုပ်ငန်းများ ဇွန်လတွင် အမြတ် ကျဆင်း

ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာသဖြင့် တရုတ်စက်မှုလုပ်ငန်းများ ဇွန်လတွင် အမြတ် ကျဆင်း

ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းများ မြင့်တက်လာသဖြင့် တရုတ်စက်မှုလုပ်ငန်းများ၏ အမြတ်ငွေသည် ဇွန်လအထိ ၄ လဆက်တိုက် ကျဆင်းသွားခဲ့ရာ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော အဆိုပါနိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူမှုတွင် အားနည်းချက် အချို့ရှိနေခြင်းကို ဖော်ပြလျက်ရှိသည်။

စက်မှုလုပ်ငန်းများ၏ အမြတ်သည် မေလက ၃၆ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ခဲ့သော်လည်း နှစ်စဉ်နှိုင်းယှဉ်ချက် အားဖြင့် ဇွန်လတွင် ၂၀ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ အချက် အလက်များတွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တရုတ်စီးပွားရေးကျဆင်းမှုသည် ပြန်လည်ကောင်းမွန်လာသော်လည်း မကြာသေးမီလများအတွင်း ကုန်ကြမ်းစရိတ်များမြင့်မားလာမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ပြိုလဲခြင်းကဲ့သို့ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသည်။

“ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ လုပ်ငန်းလေးတွေ တိုးတက်မှုနှေးကွေးလာနေသလို ကော်ပိုရေးရှင်းတွေရဲ့ အမြတ်အစွန်းပြန်လည်ရရှိမှုမှာ အချိုးမညီမှုတွေကရှိနေဆဲပါ” ဟု အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ အကြီးတန်းစာရင်းအင်းပညာရှင် ကျူဟုန်က ဆိုသည်။

"ကုန်ဈေးနှုန်းတွေလဲ ဆက်လက်မြင့်တက်နေလို့ လုပ်ငန်းတွေရဲ့ အမြတ်အစွန်းတွေ ကျဆင်းသွားတဲ့အပြင် ထုတ်လုပ်ရေး လုပ်ငန်းစဉ်နဲ့ စက်မှုကဏ္ဍတွေမှာလဲ အားနည်းချက်တွေရှိနေဆဲပါပဲ" ဟု ၎င်းကပြောသည်။

ကပ်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကြိုးပမ်းမှုများက ဆိပ်ကမ်းလုပ်ငန်းဆောင်တာများကို ကျဆင်းစေခဲ့သလို တရုတ်၏ ပို့ကုန်တင်ပို့သည့် ကွမ်တုံပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါများ ပြန်လည်ဖြစ်ပေါ်လာကြောင့် စက်ရုံများ၏ ထုတ်လုပ်မှုသည် ဇွန်လက နှေးကွေးသွားစေခဲ့သည်။

သို့သော် သတ္တုလုပ်ငန်း၊ ဓာတုပစ္စည်းများနှင့် ဆေးဝါးလုပ်ငန်းများသည် ဇွန်လက အမြတ်များခဲ့သည်ဟု NBS အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly