တိုကျိုအိုလံပစ် ပြိုင်ပွဲတွင် မဏိပူရပြည်နယ်မှ အလေးမမယ် ငွေတံဆိပ်ဆုရရှိ

By Khaleej Times
01 August 2021
တိုကျိုအိုလံပစ် ပြိုင်ပွဲတွင် မဏိပူရပြည်နယ်မှ အလေးမမယ် ငွေတံဆိပ်ဆုရရှိ

ဂျပန်နိုင်ငံတွင် ကျင်းပလျှက်ရှိသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲ၌ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်၊ အင်ဖယ်အရှေ့ခရိုင်၏ တောင်ခြေတွင်ရှိသော နွန်ပေါက်ရွာမှ အလေးမအားကစားမယ် စိုင်ခွန်မီရာ ဘာအီချန်နူးသည် ဇူလိုင် ၂၄ ရက်က ငွေတံဆိပ်ဆု ရရှိသွားသည်။

မဏိပူရပြည်နယ်သည် တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲများ၏ ဒဏ်ကို နှစ်ပေါင်းများစွာ ခံခဲ့ရသော်လည်း ယင်းဒေသမှ အားကစားသမား အများအပြားပေါ်ထွက်ခဲ့ကာ နိုင်ငံတကာဆုတံဆိပ်များစွာလည်း ရရှိခဲ့ရာတွင် အသက် ၂၆ နှစ်အရွယ် ချန်နူးသည်လည်း လူသစ် အားကစားကြယ်ပွင့်တစ်ဦး ဖြစ်လာသည်။

၂၀၀၀ ပြည့်နှစ်က ဆစ်ဒနီနိုင်ငံ နွေရာသီ အားကစားပွဲတွင် ကာနန်မော်လီဝါဆီက အလေးမပြိုင်ပွဲ၌ပင် ကြေးတံဆိပ်ရရှိခဲ့ပြီးနောက် ချန်နူးသည် အိုလံပစ်အလေးမ ငွေတံဆိပ်ဆုကို အိန္ဒိယအတွက် ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ချန်နူးသည် ကမ္ဘာပေါ်ရှိ ထင်ရှားသည့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့သည့် လက်ဝှေ့သမား မာရီကွန်ပြီးနာက် မဏိပူရပြည်နယ်၏ ဒုတိယမြောက် အောင်ပွဲရ အားကစားမယ်တစ်ဦးလည်း ဖြစ်လာသည်။

သူမအောင်ပွဲရရှိပြီးနောက် ရွာရှိ ချန်နူး၏ အိမ်အသစ်တွင် ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ သူငယ်ချင်းများ၊ ထင်ရှားကျော်ကြားသူများနှင့် ဝန်ကြီးများဖြင့် စည်ကားလျှက်ရှိသည်။

တိုကျိုမှ ပြန်လာပြီးနောက် ဇူလိုင် ၂၇ ရက်တွင် ချန်နူး၏ အိမ်၌ ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်ခဲ့သည်။

ဘရာဇီးနိုင်ငံတွင် ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် Rio Olympics ပွဲတွင် ချန်နူးသည် ၄၈ ကီလိုတန်း၌ အလေးကို ၆ ကြိမ်မရန် ကြိုးပမ်းသည့်အနက် ၁ ကြိမ်သာ မနိုင်ခဲ့သည်။

တိုကျို အိုလံပစ်ပြိုင်ပွဲတွင် ချန်နူး၏ အောင်မြင်မှုကြောင့် မဏိပူရရှိ လူငယ်များအတွက်လည်း အားကစားစိတ်ဓာတ်ကို ပိုမိုထက်သန်လာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required