ဂန့်ဂေါတပ်စခန်း ခလရ ၅၀ ထဲ စစ်လေယာဉ်ဆင်းသက်

ဂန့်ဂေါတပ်စခန်း ခလရ ၅၀ ထဲ စစ်လေယာဉ်ဆင်းသက်

ဩဂုတ် ၁

ထီးလင်းမြို့မှထွက်လာသည့် စစ်ရဟတ်ယာဉ်တစ်စင်း ဂန့်ဂေါမြို့ တပ်စခန်း ခလရ ၅၀ ထဲသို့ ယနေ့မနက် ၉နာရီခွဲခန့်က ဆင်းသက်ခဲ့ကြောင်းသိရသည်။ 

“ထီးလင်းဘက်ခြမ်းကနေ၊ ကျွန်တော်တို့ရပ်ကွက် ၊ဂန့်ဂေါ်မြို့က ၊မြောက်ကုန်းရပ်ကွက် ပေါ်ကဖြတ်ပျံသွားတာဗျ။ ပြီးတော့ ခလရ ၅၀ ထဲဆင်းပြီး မိနစ် ၂၀ လောက်ကြာတော့ ပြန်တက်သွားတယ်ဗျ” ဟု မြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဇူလိုင်လ ၂၈ ရက်နေ့တွင် ဂန့်ဂေါ-ထီးလင်း လမ်းပိုင်း စစ်ကောင်စီတပ်တွေ ကြားဖြတ်မိုင်းခွဲတိုက်ခံရပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

ဂန့်ဂေါ်မြို့ပေါ်တွင် စစ်ကောင်စီတပ်များ လူငယ်များအား PDF အဖွဲ့ဝင်များဟုဆိုကာ ပစ်မှတ်ထားဖမ်းဆီးနေသည့်အတွက် တိမ်းရှောင်နေရမှုများရှိနေကြောင်ဒေသခံဆိုသည်။ 

ယောနယ်အနောက်ဘက် မင်းတပ်နယ်မှာလည်း ဇူလိုင် (၃၀) ရက်တွင် မတူပီ-မင်းတပ်လမ်းမကြီး မိုင်တိုင် (၇၃) တွင် တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကြောင်း CDF မှထုတ်ပြန်ထားသည်။ 

ထိုတိုက်ပွဲတွင် CDF-Matupi မှ ဆလိုင်း ကုန်းထန်း, ဆလိုင်း ဟာထွန်းနှင့် ဆလိုင်းထန်းချင်းဆန် (၃)တို့သည် နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ 

အကြမ်းဖက်စစ်တပ်မှ နယ်မြေကျူးကျော်ဝင်ရောက်လာမှုရှိနေသရွေ့ဆက်လက်တိုက်ပွဲပြင်း ထန်ဖွယ်ရှိသည်ဟုထုတ်ပြန်ပြောဆိုထားသည်။ 

ထိုသို့ စစ်ကောင်စီဘက်မှ အထိနာမှုတွေကြောင့် ယောဒေသဘက်တွင် စစ်ကောင်စီတပ်များတိုးချဲ့ထားတာတွေရှိနေကြောင်း ဒေသခံကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly