ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်အတွက် သြဂုတ်၁ ရက်မှစတင်ကာ အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန် နှင့်ကြက်ဥ စသည့် အမယ်လေးမျိုးကို ကျပ်တစ်ရာနှုန်းဖြစ်ရောင်းချပေးသွားမည်ဖြစ်သည်။
ကျပ်တစ်ရာနှုန်းဖြင့် ရောင်းချပေးမည့်အထဲတွင် ဆန်တစ်ပြည်၊ ဆီငါးဆယ်သား၊ ကြက်သွန် ငါးဆယ်သားနှင့် ကြက်ဥဆယ်လုံးတို့ ပါဝင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ မိုဘိုင်းဆားဗစ်အသင်း(MMSA) ဆရာများကဦးဆောင်၍ မြို့နယ်ခြောက်မြို့နယ်ဖြစ်သော လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ သာကေတနှင့် ဒလမြို့နယ်တို့အတွက် တစ်ရက်စီ သွားရောက် ရောင်းချပေးသွားမည်ဖြစ်သည်။
ယနေ့ သြဂုတ် ၁ ရက် ညနေ ၄နာရီတွင် လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်ရှိ ဘူတာရုံလမ်းမှတ်တိုင်တွင် လူအယောက် ၃၀၀ စာအတွက် စတင်ရောင်းချပေးမည်ဖြစ်သည်။
"တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မရှိစေရန် ၆ပေခွာ တန်းစီ ပေးပါရန် နှင့် ငွေစက္ကူများကို ကိုယ်တိုင်ခြင်းထဲထည့်ပြီး ကိုယ်တိုင်ပစ္စည်းယူ ခြင်းဖြင့်ကာကွယ်ကြပါ။ တန်းစီရာတွင် အဆင်မပြေသူများကို ဦးစားပေးခြင်းဖြင့် ပြည်သူ အချင်းချင်း ကူညီကြပါ။လူစု လူဝေး မဖြစ်စေရန်အတွက် မကုန်မချင်း ထိုင်ရောင်းပေး မှာ ဖြစ်လို့ ဖြည်းဖြည်း လာခဲ့လို့ရပါတယ်။ " ဟု အလှူရှင်တစ်ဦးဖြစ်သူ Mazely Flannel အဝတ်အထည်ရောင်းချရေး လုပ်ငန်းစု၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
“ပြည်သူမှ ပြည်သူသို့” ဆိုတဲ့ အစီအစဉ်အတိုင်း အခြေခံစာသောက်ကုန်များကို ၁၀၀ကျပ်နှုန်းဖြင့် ရောင်းချနေမှုများ ရန်ကုန်မြို့တွေ ခပ်စိပ်စိပ် ပြုလုပ် နေကြခြင်းဖြစ်သည်။