မန္တလေးက လူငယ် ၇ ဦးကို စစ်တပ်ကပစ်ခတ်ဖမ်းဆီး ၂ ဦးဒဏ်ရာရ

မန္တလေးက လူငယ် ၇ ဦးကို စစ်တပ်ကပစ်ခတ်ဖမ်းဆီး ၂ ဦးဒဏ်ရာရ

ဇူလိုင် ၃၁

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ကန်ကောက်ရွာသစ်မှ  နေအိမ်တစ်အိမ်ကို စစ်တပ်နဲ့ရဲအင်အား ၄၀ ခန့်ဖြင့်  ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၇ ဦးဖမ်းဆီးခံရမှု ဒီကနေ့ဇူလိုင်လ ၃၁ ရက်တွင်ဖြစ်ပွားသည်။ 

"ဒီနေ့မနက် ၁၁ နာရီလောက်ကို သူတို့က အိမ်ကို ဝိုင်းပြီးဖမ်းတာ၊ အတိအကျသတင်းပေးလို့ဖြစ်မယ်၊ ဖမ်းတဲ့အချိန်ပြေးကြရင်း စစ်သားတွေက သေနတ်နဲ့ပစ်လို့ နှစ်ယောက်ထိတယ်၊ တစ်ယောက်ကတော့အတော်လေးစိုးရမ်ရတယ်လို့ သတင်းရတယ်” မန္တလေးသပိတ်စစ်ကြောင်းမှ လူငယ်တစ်ဦးက ကိုပြောသည်။  

ဖမ်းဆီးခံရသူများအား လက်ရှိအချိန်တွင် ဘယ်နေရာကို ခေါ်ဆောင်သွားမှန်းမသိရသေးပေ။ ထိုသို့ဖမ်းဆီးခံရသည်မှာ ဆန္ဒပြလူငယ်များ တိမ်းရှောင်စရာနေအိမ်အခက်အခဲဖြစ်ပေါ်နေသည့်အတွက် အများစု စုပြုံနေရကာ သတင်းရသွားခြင်းဖြစ်နိုင်ကြောင်း အဆိုပါလူငယ်မှ မှတ်ချက်ပြုပြောဆိုသည်။ 

“ ခုက နေစရာရှောင်စရာစီစဉ်ရတာအဆင်မပြေတော့ ဖြစ်သလိုစုနေပြီး ၊ ဆန္ဒပြတာတွေလဲ အဆက်မပျက်အောင်လုပ်ဆောင်ကြတယ်၊ နောက်ပြီးဒီရက် ကိုယ့်ရဲဘော်တွေထဲက အသက်ဆုံးရတဲ့သူတွေရှိတော့ သူတို့လဲပေါက်ကွဲနေကြတာမျိုးတွေရှိတယ်၊ ဒါကိုဒလန်တွေရိပ်မိသွားတာဖြစ်နိုင်တယ်၊ အဓိကကတော့ လူငယ်တွေအစုလိုက်စုနေရတာက ပြဿနာပါ” ဟုဆိုသည်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့သည့် မန္တလေး မြတောင်သပိတ်စစ်ကြောင်းကို ဇူလိုင်လ ၂၇ ရက်၊  မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်မုခ်အနီးမှာ အရပ်ဝတ်လူတွေက သေနတ်ပစ်ခတ် ဖြိုခွင်းခဲ့လို့ သပိတ်ဦးဆောင်သူ မသူသူဇင်အပါအဝင် လူငယ်နှစ်ဦး ကျဉ်ထိမှန် သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly