ရန်ကုန်မြို့ထဲက နေရာအချို့မှာ စစ်ကောင်စီတပ်တွေ လမ်းပိတ်ဆို့ထား

ရန်ကုန်မြို့ထဲက နေရာအချို့မှာ စစ်ကောင်စီတပ်တွေ လမ်းပိတ်ဆို့ထား
Photo - Myat Thu Winn

ဇူလိုင် ၃၀

ရန်ကုန်မြို့ထဲက နေရာအချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၃၀ရက် နေ့လည် ၂နာရီခန့်မှ စတင်ကာ လမ်းများ ပိတ်ဆို့ထားသည့်အတွက် ပြည်သူများသွားလာရ အခက်အခဲဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကိုင်များက လမ်းမတော်လမ်းမကြီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွေဒဂုံဘုရားလမ်း၊ ပြည်ထောင်စုရိပ်သာလမ်း၊ အနော်ရထာလမ်း ၊ ဗန္ဓုလလမ်းမများကို ပိတ်ဆို့ထားသည်။

" ကျွန်တော်တို့ကဆေးဆိုင်ကိုသွားဖို့ အဲ့လမ်းမကြီးကိုဖြတ်ရမှာဗျာ။ လမ်းတွေပိတ်ပြီး သွားခွင့်မပေးတာ စိတ်ပျက်ဖို့ကောင်းတယ်ဗျာ။ ဆေးက ဒီနေ့ရအောင်ရှာဝယ်ပြီး ထိုးရမှာ'။ ကြောက်လန့်ပြီး ဆေးဆိုင်တွေပါပိတ်သွားရင် ဒုက္ခပါပဲဗျာ'ဟု လမ်းပိတ်ဆို့ထားသည့်အတွက် အခက်အခဲကြုံရကြောင်း ပြည်သူတစ်ဦးက ပြောသည်။

ယခု ပိတ်ဆို့ထားသည့်လမ်းမများပေါ်တွင် ရဲကားများဖြင့် လက်နက်ကိုင်အပြည့် လာရောက်ထပ်မံ အားဖြည့်ထားသည်ကိုလည်း နေ့လည် ၂နာရီခန့်က တွေ့ခဲ့ရသည်။ ညနေ ၄နာရီအချိန်ထိ လမ်းများကို ပိတ်ဆို့ထားဆဲဖြစ်ပြီး မည်သည့်အ​ကြောင်းကြောင့် လမ်းများပိတ်ဆို့ထားသည်ကိုတော့ မသိရသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly