ပုသိမ်မြို့မှာ ကျောင်းသားအရွယ် လူငယ် အပါအဝင် အမျိုးသားနှစ်ဦးကို အရပ်ဝတ်နဲ့လက်နက်ကိုင်တွေက ဖမ်းဆီးသွား

ပုသိမ်မြို့မှာ ကျောင်းသားအရွယ် လူငယ် အပါအဝင် အမျိုးသားနှစ်ဦးကို အရပ်ဝတ်နဲ့လက်နက်ကိုင်တွေက ဖမ်းဆီးသွား
ဓာတ်ပုံ - ဖမ်းဆီးခံခဲ့ရတယ် ၂၉ နှစ်အရွယ် ကိုဝင်းမင်းထက်

ဇူလိုင် ၃၀

ပုသိမ်မြို့အမှတ် ၉ ရပ်ကွက် ကုလားကုန်းကျေးရွာနေ ကျောင်းသားအရွယ်လူငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်လောက်က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၉ နှစ်အရွယ် ကိုဝင်းမင်းထက်(ခ)မဲကြီးနဲ့ အသက် ၁၆ နှစ်အရွယ် မောင်သီဟအောင်တို့ဟာ သမီးယောက်ဖတော်စပ်တယ်လို့သိရပြီး ညအချိန်မှာ အရပ်ဝတ်နဲ့လက်နှက်ကိုင် အယောက် ၃၀ နီးပါးက နေအိမ်ကို ဝိုင်းပြီးဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။

"အရပ်ဝတ်တွေနဲ့လာဖမ်းတာ သေနတ်တွေက အတိုတွေရော၊အရှည်တွေရောနဲ့ အိမ်ကိုဝိုင်းဖမ်းတာပါ၊ဘာကြောင့်ဖမ်းတယ်ဆိုတာလဲမပြောဘူး၊ကောင်လေးက ကလေးပဲရှိသေးတယ်။ အော်ဟစ်ခြိမ်းခြောက်ပြီးဖမ်းသွားကြတာပါ"လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားနှစ်ဦးကို ဘာကြောင့် ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို မသိရသေးတဲ့အတွက် မိသားစုတွေက စိုးရိမ်နေတယ်လို့သိရပြီး ယခုအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့လဲသိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly