အမျိုးသားညီညွတ်ရေးအစိုးရကို  တောင်ကိုရီးယားအစိုးရက အသိအမှတ်ပြုဖို့ တောင်းဆိုသည့် လက်မှတ် ၂သိန်း ကျော်ရရှိ 

အမျိုးသားညီညွတ်ရေးအစိုးရကို  တောင်ကိုရီးယားအစိုးရက အသိအမှတ်ပြုဖို့ တောင်းဆိုသည့် လက်မှတ် ၂သိန်း ကျော်ရရှိ 

ဇူလိုင် ၂၉

တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများက ဦးဆောင်ပြီး တောင်ကိုရီးယားအစိုးရ (အိမ်ပြာတော်) အနေဖြင့်  အမျိုးသားညီညွတ်ရေး အစိုးရကို အသိမှတ်ပြုဖို့အတွက် တောင်ကိုရီးယားအိမ်ပြာတော် အွန်လိုင်း website ကတဆင့် ထောက်ခံလက်မှတ် ကောက်ခံရာ တွင် သတ်မှတ်အရည်အတွက် နှစ်သိန်း ထက်ကျော်လွန် သွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

“အခု နှစ်သိန်းကျော်သွားပြီး ။ တောင်ကိုရီးယားအမျိုးသားလွတ်တော်ထဲမှာ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု မပြု မဖြစ်မနေ ဆွေးနွေးရတော့မယ်။ NUG ကိစ္စဆွေးနွေးဖို့ မဲခွဲကြမလား ၊ အကြံပြု ၊ ပယ်ဖျက် မလားဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတော့မယ် “ ဟု တောင်ကိုရီးယားနိုင်ငံရောက် မရွှေမိုးက မဇ္ဈိမသတင်းဌာနကကို ပြောဆိုသည်။ 

ဇူလိုင်လ ၅ရက်နေ့မှာ သြဂုတ်လ လေးရက်နေ့အထိ ကောက်ခံသည့် လူဦးရေ နှစ်သိန်း လက်မှတ်မှာ ဇူလိုင်လ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ‌ခြောက်နာရီခွဲအချိန်ထိ ထောက်ခံသူ ၂၁၉၅၅၇ အထိ ရှိနေပြီး သတ်မှတ်ရက်ထက် ခြောက်ရက်အလိုတွင် ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။ 

ဆက်လက်ပြီး မရွှေမိုး က အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့ ကိစ္စရပ်နှင့်ပတ်သက်ပြီး   “ တစ်ချို့အမှုအခင်း ကိစ္စတို့ ၊ ပြသနာကြီးတဲ့ ကိစ္စတို့ ဆို တောင်ကိုရီးယားအမျိုးသားလွှတ်တော်မှာ တစ်လအတွင်း ဆွေးနွေးကြတယ်။ အခုက နိုင်ငံအရေးတော့ တစ်လ အတွင်း ဖြစ်မလား ဆိုတာတော့ လောလောဆယ် မသိရှိသေးဘူး “ ဟု ဆိုပါတယ်။ 
ဇူလိုင် ၅ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် တောင်ကိုရီးယား အိမ်ပြာတော် အွန်လိုင်း website ကိုသွားရောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကိုထောက်ခံပေးကြဖို့ကို တောင်ကိုရီးရောက် မြန်မာနိုင်ငံသားများက လုပ်ဆောင်နေခဲ့တာဖြစ်သည်။ 

တောင်ကိုရီးယားအစိုးရအနေနဲ့ အိမ်ပြာတော်  website တွင်  တစ်လ အတွင်း လူဦးရေ နှစ်သိန်းက အကြောင်းအရာတစ်ခုခုကို ထောက်ခံ၊ တောင်းဆိုပါက  အိမ်ပြာတော် အနေဖြင့် အဆိုပါကိစရပ်ကို လွှတ်တော်တွင်  ဆွေးနွေး ၊ အတည်ပြုပေးရကြောင်း သိရပါတယ်။ 

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက “ အမျိုးသားညီညွတ်ရေးအစိုးရကို တောင်ကိုရီးယားအစိုးရအနေနနဲ့အသိမှတ်ပြုဖို့ လက်မှတ်ထိုးပြီးတောင်းဆိုတဲ့သဘောပါ။ တောင်ကိုရီးယားနိုင်ငံရဲ့ဥပဒေမှာ  ပြည်သူက အစိုးရကိုအကြံပြုတာ တောင်းဆိုချက်တွေကို သမ္မတ ရုံးရဲ့ Website မှာ ဒါရိုက်အိတ်ဖွင့်ပေးစာ ပေးပြီး သွားရောက်တောင်းဆိုလို့ရပါတယ်။ အဲဒါကြောင့်အခု လူနှစ်သိန်းပြည့်အောင် ပါဝင်ကြဖို့ နိုးဆော်ဖို့ လုပ်ဆောင်ခဲ့တာ “ ဟု ပြောသည်။  

ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကို နယူးဖီလန်အစိုးရက တရားဝင်အသိအမှတ်ပြု ဖို့အတွက် အွန်လိုင်းထောက်ခံ လက်မှတ်ကို Democracy for Myanmar အဖွဲ့က ဦးဆောင်ပြီး ဇူလိုင်လ ၉ ရက်နေ့မှာ စတင်ပြီး နယူးဇီလန် ပါလီမန် အင်တာနက်စာမျက်နှာတွင် တောင်းခံနေတာဖြစ်ပြီး လာမည့် သြဂုတ်လ ၉ ရက်နေ့အထိ ထောက်ခံလက်မှတ်ရေးထိုးဖို့ တိုက်တွန်းနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly