Covid-19 ဆေးကုသစရိတ်အတွက် အထောက်အထားခိုင်လုံပါက တစ်ပတ်လျှင် သိန်း ၂၀၊ အဖွဲ့အစည်းဖြစ်ပါက သိန်း ၂၀၀ ထုတ်နိုင်ဖို့ ဗဟိုဘဏ်ညွန်ကြာ

Covid-19 ဆေးကုသစရိတ်အတွက် အထောက်အထားခိုင်လုံပါက တစ်ပတ်လျှင် သိန်း ၂၀၊ အဖွဲ့အစည်းဖြစ်ပါက သိန်း ၂၀၀ ထုတ်နိုင်ဖို့ ဗဟိုဘဏ်ညွန်ကြာ

ဇူလိုင် ၂၉

ဘဏ်တွေအနေနဲ့ ကိုဗစ်ဆိုင်ရာကိစ္စရပ်များအတွက် ကန့်သတ်ပမာဏထက်ကျော်လွန်ကာ တစ်ပတ်လျှင် လူတစ်ဦးချင်းစီအတွက် အများဆုံး ကျပ်သိန်း ၂၀ နှင့် အဖွဲ့အစည်းအတွက် ကျပ် သိန်း ၂၀၀ ထုတ်ပေးဖို့ ဗဟိုဘဏ်က ဇူလိုင် ၂၈ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

လက်ရှိအခြေအနေမှာ ပြည်သူတွေအနေနဲ့ Covid-19 ရောဂါကုသရာမှာ အသုံးပြုရမယ့် ဆေးဝါး၊ အောက်ဆီဂျင်၊ Oxygen plant နဲ့ ဆက်စပ်ပစ္စည်းတွေဝယ်ဖို့နဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကွာရန်တင်းစင်တာတွေမှာ ဆေးကုသဖို့ ခိုင်လုံတဲ့ အထောက်အထားပြလာပါက သေချာစိစစ်ကာ ထုတ်ပေးဖို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ တစ်ပတ်လျှင် လူတစ်ဦးချင်းစုငွေမှ ကျပ်(၁၀)သိန်းနဲ့ လုပ်ငန်းသုံးစာအုပ်မှ ကျပ်သိန်း(၁၀၀)အထိ ဗဟိုဘဏ်က ထုတ်ယူခွင့်ပြုထားတာ ဖြစ်ပါတယ်။

ATM ကနေတဆင့် ငွေထုတ်ယူခြင်းအတွက် တစ်ရက်ကို ကျပ် (၂) သိန်း၊ တစ်ပတ် (၄) သိန်းကို တုံကင်စနစ်နဲ့ တန်းစီထုတ်ယူနေကြရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly