တရုတ်ထောင်မှ လွှဲပြောင်းပေးလိုက်သည့် ဟောင်ကောင်ဆယ်ကျော်သက်တစ်ဦး မီးရှို့မှုဖြင့် ထိန်းသိမ်းခံရ

တရုတ်ထောင်မှ လွှဲပြောင်းပေးလိုက်သည့် ဟောင်ကောင်ဆယ်ကျော်သက်တစ်ဦး မီးရှို့မှုဖြင့် ထိန်းသိမ်းခံရ

၂၀၂၀ပြည့်နှစ်က ပင်လယ်ပြင်တွင် ဖမ်းဆီးခံရပြီးနောက် တရုတ်ထောင်မှပြန်လည်လွှဲပြောင်းပေးခဲ့သော ဟောင်ကောင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတစ်ဦးကို အန္တရယ်ရှိသော ပစ္စည်းများပိုင်ဆိုင်မှု၊ မီးရှို့ရန်ကြိုးပမ်းမှုဖြင့် အသက် ၂၀ မပြည့်သေးသူများထားသည့် ပြုပြင်ရေးစခန်းတွင် ထိန်းသိမ်းထားရန် ဇူလိုင်လ ၂၆ရက်က အမိန့်ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်းက ထိုင်ဝမ်သို့သွားမည့်ဟု ယူဆရသော လှေပေါ်တွင် တရုတ်ပြည်မကြီး အာဏာပိုင်များ၏ ကြားဖြတ်ဖမ်းဆီးခဲ့ရသူ ၁၂ ဦး တွင် အသက် ၁၇ နှစ်အရွယ် ဟုန်လန်ဖူး ပါဝင်ခဲ့သည်။

သူသည် ထိုအချိန်မှစ၍ တရုတ် သို့မဟုတ် ဟောင်ကောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။

ပြုပြင်ရေးစင်တာများသည်အသက် ၁၄ နှစ်မှ ၂၀ နှစ်အကြားရှိသူများအား ပြစ်ဒဏ်ပေးသည့်နေရာ ဖြစ်ပြီး အာဏာပိုင်များက ပြန်လည်ထူထောင်ရေးကို အဓိကလုပ်ဆောင်ပေးကာ ထောင်သားများကို ကုန်သွယ်ရေးလုပ်ငန်းများကို လေ့ကျင့်သင်ကြားပေးသည်။

အနည်းဆုံးထိန်းသိမ်းခံရသည့် ကာလသည် ၆ လ၊ အများဆုံး ၃နှစ်ဖြစ်သော်လည်း ယင်း ကာလကို ပြစ်မှုကျူးလွန်သူ၏ နေထိုင်ပုံအပေါ် ပြုပြင်ထိန်းကျောင်းရေးဌာနမှ မဟာမင်းကြီးက ဆုံးဖြတ်ပေးသည်။

၂၀၁၉ခုနှစ် ဟောင်ကောင်ဒီမိုကရေစီရေးဆန္ဒပြမှုများနှင့် ဆက်စပ်သောပစ္စည်းများကို ဖျက်ဆီးရန် သို့မဟုတ် ဖျက်ဆီးရန်ရည်ရွယ်သည့် ပစ္စည်းများပိုင်ဆိုင်မှု၊ မီးရှို့ရန်ကြိုးပမ်းမှုဖြင့် ဟုန်သည် စွပ်စွဲခံခဲ့ရသည်။

ခရိုင်တရားရုံ တရားသူကြီး ဖရန်ကီ ယွီက ဟုန်သည် “ ဥပဒေကို လုံးဝမျက်ကွယ်ပြုပြီး တာဝန်မဲ့သူ” ဖြစ်သည်ဟု ပြောကြားသော်လည်း ရာဇဝတ်မှုကျူးလွန်ချိန်တွင် ၁၆ နှစ်အရွယ်သာရှိသေးခြင်း ရိုးသားစွာ ဝန်ခံခဲ့သည်များကို ထည့်သွင်းစဉ်းစားခဲ့သည်။

ဖမ်းဆီးရမိသည့်အချိန်တွင် ၁၂ ယောက်စလုံးသည် ၂၀၁၉ခုနှစ် ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြမှုများနှင့် ပတ်သက်၍ စွဲချက်တင်ခံခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required