ကမ္ဘာကို တကျော့ပြန် ရိုက်ခတ်နေတဲ့ ကိုဗစ်ရောဂါ

29 July 2021
ကမ္ဘာကို တကျော့ပြန် ရိုက်ခတ်နေတဲ့ ကိုဗစ်ရောဂါ

အစိုးရဝန်ထမ်း ၄.၂ သန်းရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ အစိုးရဝန်ထမ်းတွေ ကိုဗစ်ကာကွယ် ဆေးထိုးဖို့ (ဒါမှမဟုတ်) ပုံမှန်ဆေးစစ်တာခံပြီး အမြဲ Mask တပ်ဖို့ လိုအပ်ချက်၊ အိမ်ဖြူတော်က အလေးအနက်စဉ်းစားနေပြီး၊ မကြာခင်ထုတ်ပြန်ဖို့ရှိနေပါတယ်။ အခုလိုစဉ်းစားနေကြောင်းကို သမ္မတ Biden ကိုယ်တိုင် မနေ့က ထုတ်ပြောခဲ့ပြီး၊ တနေ့ကစပြီးတော့လည်း စစ်မူထမ်းဟောင်းဌာနက ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ဆေးမဖြစ်မနေထိုးဖို့ ပထမဆုံးဌာနအဖြစ် ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။ကူးစက်မြန်ပြင်းထန်တဲ့ Delta မျိုးကွဲသစ်ပျံနှံလာတဲ့အပေါ် အိမ်ဖြူတော်အနေနဲ့ စိုးရိမ်မူမြင့်မားလာနေကြောင်း ထုတ်ပြန်အပြီး၊ အခုလို Mask ပါစပ်နဲ့နှာခေါင်းစည်း ပြန်တပ်ဖို့ အပါအဝင် ကြီးမားတဲ့ မူဝါဒအပြောင်းအလဲ ဖြစ်လာနိုင်ခြေထွက်ပေါ်လာတာပါ။ ဒါ့အပြင် အမေရီကန်ပြည်ထောင်စုက ကာကွယ်ဆေးမထိုးထားသူတွေအကြား၊ Delta မျိုးကွဲသစ်ကူးစက်မူနဲ့ ဆေးရုံတက်ရမူမြင့်မားလာတဲ့ဒေသတွေမှာ၊အားလုံး အဆောက်အဦးထဲ Mask တပ်ဖို့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန CDC က အင်္ဂါနေ့ကပဲညွှန်ကြားခဲ့ပါတယ်၊ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly