ဆည်များခြောက်သွေ့သွားသဖြင့် ပါကစ္စတန်ခံတပ်မြို့၌ ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာ

By ANI
27 July 2021
ဆည်များခြောက်သွေ့သွားသဖြင့် ပါကစ္စတန်ခံတပ်မြို့၌ ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာ

မြေအောက်ရေလျော့ကျလာမှုနှင့် အပူရှိန်ကြောင့် ပါကစ္စတန်ခံတပ်မြို့ဖြစ်သော ရာဝမ်ပင်ဒီမြို့တွင် ရေပြတ်လပ်မှုများမှု ပိုမိုဆိုးရွားလာနေသည်။

ရာဝမ်ဆည်နှင့် ကန်ပါဆည်တွင် ရေပြတ်လပ်မှုကြောင့်လည်း အကျပ်အတည်းဆိုက်သည်အထိ ရောက်ရှိသွားခဲ့ပြီး ရေကာတာနှစ်ခုလုံးသည် သုညအမှတ်အောက်နီးပါ အထိရောက်ရှိနေသဖြင့် ခံတပ်မြို့တွင် ရေပြတ်လပ်မှု အကြီးအကျယ်ဖြစ်ပွားခဲ့သည်ဟု Express Tribune က တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့သည်။

ရေပေးဝေမှုနှင့် လိုအပ်ချက်အကြား ကွာဟမှုကြီးမားလာခြင်းက မြို့တော်အတွက် စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်ပေါ်စေသည်။

ရေစည်ရောင်းသည့် လုပ်ငန်းသည် မြို့တော်တွင်ကြီးထွားလာနေပြီး ရေတစ်စည်လျှင် ရူပီး ၃၀ဝဝ မှ ၄၀ဝဝ ကြားရှိသည်။

တစ်ချိန်တည်းမှာပင် မြို့တော်ရေနှင့် သန့်ရှင်းရေးအေဂျင်စီ (WASA) ၏ ကြီးကြပ်မှုအောက်တွင် ရေတွင်းပေါင်း ၄၆၀ ရှိသည့် အနက် ၃၅၀ ပေအနက်မှ မြေအောက်ရေထုတ်ယူနေသည့် ၃ တွင်းကို ရပ်နားလိုက်သည်။

ပေ ၆၀ဝ အနက်မှ ရေထုတ်ယူနေသည့် ရေတွင်းများမှ ရေဖိအားမှာလည်း တစ်ဖြည်းဖြည်းကျဆင်းခဲ့သည်။

ရာဝမ်ဆည်နှင့် ကန်ပါဆည်တွင် ရေပြတ်လပ်မှုနှင့် မြေအောက်ရေထုတ်ယူနိုင်သည့် အဆင့် ကျဆင်း သွားခြင်း ကြောင့် လူဦးရေ ၁ ဒသမ၆ သန်းမှာ အခက်ကြုံနေရပြီး နေ့စဉ် လိုအပ်ချက် ရေဂါလံပေါင်း ၅၉ သန်းလိုအပ်ချက်ရှိ သော်လည်း လူထုအခြေပြုအဖွဲ့အစည်းများက ၄၆ သန်းကိုသာ ဖြည့်ဆည်းပေးနိုင်သည်ဟု Express Tribune က ဖော်ပြခဲ့သည်။

ထို့ပြင် တပ်နယ်မြေဖြစ်သော ရာဝယ်လ်ပန်ဒီနှင့် ချာကာလာ ဘုတ်အဖွဲ့၏ ရေတွင်းပေါင်း ၁၅၀ ခန့်သည်လည်း မြေအောက်ရေကျဆင်းမှုကြောင့်လည်း ခန်းခြောက်လာနေသည်ဟု သတင်းများက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly