အိန္ဒိယနိုင်ငံပိုင် ဘာရတ်ရေနံကော်ပိုရေးရှင်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းအတွက် အစိုးရအဖွဲ့ ခွင့်ပြု

အိန္ဒိယနိုင်ငံပိုင် ဘာရတ်ရေနံကော်ပိုရေးရှင်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းအတွက် အစိုးရအဖွဲ့ ခွင့်ပြု

ပြည်သူပိုင် ရေနံချက်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းရရှိရန် ကမ်းလှမ်းမှုအပေါ် အိန္ဒိယ အစိုးရက ဇူလိုင် ၂၂ရက်တွင် ခွင့်ပြုလိုက်သောကြောင့် ဘာရက်ရေနံကော်ပိုရေးရှင်းလီမိတက် (BPCL) အား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးတွင် FDI ပိုမို ဝင်ရောက်လာနိုင်သည်။

ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက်ကြောင့် BPCL တွင် နိုင်ငံပိုင် ဖြစ်သည့် ရှယ်ယာ ၅၂ ဒသမ ၈၉ ရာခိုင်နှုန်းကို ပြည်ပမှ ဝယ်ယူသူထံရောင်းချနိုင်မည်ဖြစ်သလို ရေနံကဏ္ဍတွင် ပြည်သူပိုင်အား FDI ပိုမိုဝင်ရောက်ခွင့် ရရှိစေမည်ဖြစ်သည်။

“နိုင်ငံပိုင် လုပ်ငန်းဖြစ်တဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွေမှာ မဟာဗျူဟာမြောက် ရှယ်ယာ ရောင်းချမှုတွေ အတွက် မူအားဖြင့် ခွင့်ပြုချက်ရလာတဲ့အခါ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၁၀၀ ရာခိုင်နှုန်းအထိ အလိုအလျောက် ခွင့်ပြုလာနိုင်မှာ ဖြစ်ပါတယ်” ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အစိုးရ၏ လက်ရှိ မူဝါဒအရ ပြည်သူပိုင် ရေနံထုတ်လုပ်ရေး လုပ်ငန်းတွင် FDI ၄၉ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ကဏ္ဍတွင် ၁၀၀ ရာခိုင်နှုန်း ခွင့်ပြုထားသည်။

မူဝါဒအပြောင်းအလဲကို အထူးအမိန့်ဒီဂရီဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကာ ဥပဒေတစ်ရပ်ရပ်ဖြင့် ပြင်ဆင်ရန် မလိုအပ်ကြောင်းလည်း တာဝန်ရှိသူက ပြောကြားသည်။ စက်မှုနှင့် ပြည်တွင်းကုန်သွယ်‌ရေးဌာန (DPIIT) က အထူးအမိန့်တစ်ရပ်ပုံစံဖြင့် ထုတ်ပြန်ချက်တစ်ခု လုပ်ဆောင်ရန် လိုကြောင်း ဥပဒေကျွမ်းကျင်သူများ က ပြောကြားသည်။

လေလံလျှောက်ထားသူအများအပြားက BPCL တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပါဝင်ရန် စိတ်ဝင်စားလာသောကြောင့် FDI စနစ်လိုအပ်လာခဲ့ခြင်းဖြစ်သည်။ အစိုးရက လျှောက်ထားသူတို့၏ အမည်များကို ထုတ်ပြန်ခြင်း မပြုလုပ်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required