ကမ္ဘာ့နိုင်ငံများနဲ့ ကူးစက်မြန်ကိုဗစ်

27 July 2021
ကမ္ဘာ့နိုင်ငံများနဲ့ ကူးစက်မြန်ကိုဗစ်

အမေရိကန်ပြည်ထောင်စုမှာ ကူးစက်မှုတွေ ပြန်များလာနေတဲ့အတွက် နိုင်ငံအနောက်ခြမ်း လော့စ်အိန်ဂျဲလိစ်မြို့ နဲ့ အလယ်ပိုင်းက စိန့်လူးဝစ်မြို့ အပါအဝင် မြို့တချို့မှာတော့ ကာကွယ်ဆေး ထိုးပြီးသူရော၊ မထိုးရသေးသူပါ လူတိုင်း အပြင်ထွက်ရင် နှာခေါင်းစည်း တပ်ကြဖို့ ညွှန်ကြားချက်သစ်တွေ ထုတ်ပြန်ထားပါတယ်။ တခြားမြို့တွေမှာလည်း ဒီလိုညွှန်ကြားချက် ထုတ်ပြန်ဖို့ စဉ်းစားလာနေ ကြပါတယ်။  အမေရိကန်ပြည်ထောင်စုအတွင်း မျိုးဗီဇပြောင်း Delta variant ကိုဗစ်ပိုး ပျံ့ပွားနေတာကြောင့် ကိုဗစ်ကူးစက်မှုတွေ တကြော့ပြန် ပြင်းထန်လာနိုင်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အကြံပေး ၊ အမေရိကန်ရဲ့ထင်ရှားတဲ့ ကူးစက်ရောဂါပညာရှင် Dr. Anthony Fauci က တနင်္ဂနွေနေ့တုန်းက သတိပေးလိုက်ပြီး ၊ အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ငြင်းဆန်နေသူတွေ နေထိုင်တဲ့ ပြည်နယ်တွေမှာ ပိုစိုးရိမ်ရကြောင်း ပြောကြားလိုက်ပါတယ်။ အမေရိကန်မှာ ကိုဗစ်ကြောင့် ဆေးရုံတက် ကုသရတာတွေ၊ သေဆုံးမှုတွေ လျော့ကျလာပေမယ့် ကိုဗစ်ကာကွယ်ဆေး အထိုး နည်းနေသေးတဲ့ ပြည်နယ်တွေမှာ ကူးစက်မှုအသစ်တွေ ရှိလာတယ်လို့ ဆိုပါတယ်။ လူဦးရေ အားလုံးရဲ့ ၅၀%က ကာကွယ်ဆေး မထိုးရတဲ့အတွက် ကိုယ့်ကိုယ်ကို အန္တရာယ်တွင်းထဲ တွန်းပို့သလို ဖြစ်နေတယ်လို့ CNN ရုပ်သံနဲ့ မေးမြန်းခန်းတခုမှာ သူက ပြောကြားသွားတာပါ။ အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့ ၂ ပတ်နဲ့ နှိုင်းယှဉ်ရင် ကူစက်မှုက ၁၇၂% တိုးလာနေတာပါ၊ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly