မော်လမြိုင်မြို့ရှိ မြို့တွင်း နေရာအချို့တွင် ရေကြီးမှုဖြစ်ပေါ်နေ 

မော်လမြိုင်မြို့ရှိ မြို့တွင်း နေရာအချို့တွင် ရေကြီးမှုဖြစ်ပေါ်နေ 
ဓာတ်ပုံ - CJ

ဇူလိုင် ၂၆

မွန်ပြည်နယ် မော်လမြိုင်မှာ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်မှာ စတင်ပြီး မိုးအဆက်မပြတ် မိုး ရွာသွန်းမှုတွေ ကြောင့် မော်လမြိုင်ရှိ ဖက်ခင်းရပ်ကွက် ၊ ဇေယျာမြိုင်ရပ်ကွက် ၊ ရွှေပြည်စိုး ရပ်ကွက်စသည့် တို့တွင် ရေကြီး ရေလျှံမှုများ နှင့် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က  လှိုင်နယ်မြေ ရှိ အောင်တော်မှုဘုန်းကြီးကျော်းအုတ်တံတိုင်း ပြိုကြမှု တို့ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဓာတ်ပုံ - CJ

“ မနေ့က မနက်ပိုင်းထဲက အခု ချိန်ထိ ရွာနေတုန်းပဲ ရေတွေကတော့ အိမ်တွေထဲ ကိုဝင်တာတော့ရှိတယ်။ ဘုန်းကြီးကျောင်းက အုတ်တံတိုင်း မြေပြိုကြသွားတယ်။ လူထိခိုက်တာတော့ မကြားမိသေးဘူး “ ဟု ဒေသခံ တဦးက မဇ္ဈိမသတင်းဌာနကို ဆိုပါတယ်။ 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ရှိ ဖက်ခင်းလမ်းမကြီး၊အထက်လမ်းမကြီး၊ အောက်လမ်းမကြီး၊ ဇေယျာမြိုင်၊သီရိမြိုင်၊မုပွန်၊ရွှေပြည်အေး၊ရွှေပြည်စိုး၊ရွှေတောင်ရပ်ရှိမြေနိမ့်ပိုင်းရပ်ကွက်တွေမှာရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေကြောင်း သိရပါတယ်။  

ဓာတ်ပုံ - CJ

လက်ရှိအချိန်တွင် ချို့ရပ်ကွက်တွေရှိဒေသခံပြည်သူများကို ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ထားလျှက် ရှိတယ်လို့သိရပါတယ်။

ဓာတ်ပုံ - CJ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly