KIA က စစ်သင်္ဘောအုပ်စုကိုကြားဖြတ်တိုက်ခိုက် 

KIA က စစ်သင်္ဘောအုပ်စုကိုကြားဖြတ်တိုက်ခိုက် 

ဇူလိုင် ၂၆

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာသော စစ်ကောင်စီတပ်၏ စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့တွင် ယနေ့နေ့လည်ကတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များကပြောသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှသည် ကချင်ပြည်နယ် ရွှေကူမြို့သို့ကိုဝင်လာသော သင်္ဘောခုနှစ်စီးပါအုပ်စုကို KIA က မွန်းလွဲ ၂ နာရီအချိန်ခန့်က ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတစ်စီးထိသွားသည်ကိုမြင်တွေ့ရကြောင်း ဒေသခံများကပြောသည်။ 

ကချင်ပြည်နယ် ဗန်းမော်ဘက်တွင် ထိုးစစ်ဆင်နေသေ စစ်ကောင်စီတပ်မ (၈၈) ကို စစ်အင်အားဖြည့်တင်းရန် အတွက် စစ်တပ်သုံးတင့်ကားနှင့် လက်နက်များ၊ ရိက္ခာများသယ်လာခြင်းဖြစ်ပြီး ယနေ့နံနက် ၉ နာရီကျော်ကျော်တွင် ကသာမြို့မှသည် ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာခဲ့သည်။ ။

ရွှေကူမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီ၏ စစ်သင်္ဘောများက KIA ၏ကြားဖြတ်တိုက်ခိုက်မှုမကြာခဏခံရသောနေရာလည်းဖြစ်သည်။ 

ဓာတ်ပုံ- အစောပိုင်းရက်ကရိုက်ကူးထားသောဓာတ်ပုံဖြစ်ပြီး စစ်သင်္ဘောခုနှစ်စီးပါအုပ်စုသည် စစ်ကိုင်းတိုင်းဒေသကြီးမှသည် ကချင်ပြည်နယ်အတွင်းဝင်ရောက်သွားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly