ကျူရှင်ကျောင်းများကို အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများအဖြစ်သို့ ပြောင်းလဲရန် တရုတ်အစိုးရ စဉ်းစားနေ

ကျူရှင်ကျောင်းများကို အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများအဖြစ်သို့ ပြောင်းလဲရန် တရုတ်အစိုးရ စဉ်းစားနေ

ကျောင်းသင်ခန်းစာများကို သင်ကြားသည့် ကျူရှင်ကျောင်းများကို အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများအဖြစ်သို့ ပြောင်းလဲရန် တရုတ်အစိုးရက စဉ်းစားနေကြောင်းနှင့် ဒေါ်လာ ၁၂၀ ဘီလျံတန်ဖိုးရှိသည့် အဆိုပါကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်မှု တစ်ခုဖြစ်ကြောင်း အဆိုပါ အစီအစဉ်နှင့် နီးစပ်သူတစ်ဦးက Bloomberg သတင်းဌာနက ဇူလိုင် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ အစီအစဉ်ကြောင့် ယင်းလုပ်ငန်းတွင် အစုရှယ်ယာဈေးများလည်း သိသိသာသာ ကျဆင်းသွားသည်။

ယခုအပြောင်းအလဲကို လုပ်ဆောင်ပါက ကျူရှင်ကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ရယူခြင်း မပြုလုပ်ရတော့သလို ရင်းနှီးမြှုပ်နှံမှုများကိုလည်း ခေါ်ယူကာ အများပိုင်အဖြစ် ပြုလုပ်ခွင့် ရှိတော့မည်မဟုတ်ပေ။ ကျောင်းသားများအပေါ် ဖိအားလျော့နည်းစေရန်နှင့် မိဘများအတွက် ကုန်ကျစရိတ်သက်သာစေရန် ယခုအစီအစဉ်အားစဉ်းစားနေခြင်းလည်း ဖြစ်သည်။

နွေရာသီနှင့် ဆောင်းရာသီ ကျောင်းပိတ်ရက်များတွင် ကျူရှင်များ စမ်းသပ်ပိတ်ထားရန် အပါအဝင် အစီအစဉ်အချို့ကို လုပ်ဆောင်ရန် တာဝန်ရှိသူများက စီစဉ်နေကြောင်း ရိုက်တာသတင်းဌာနက ဇွန်လအတွင်း သတင်း ဖော်ပြခဲ့သည်။

ကျူရှင်ကျောင်းများ၏ အစုရှယ်ယာဈေးများသည်လည်း ဟောင်ကောင်ဈေးကွက်တွင် ၄၀ ရာခိုင်နှုန်းအထိနှင့် နယူးယောက်ရှယ်ယာဈေးကွက်တွင် ထက်ဝက်ခန့် ကျဆင်းသွားရာ ယမန်နှစ်ကျဆင်းမှုနောက်ပိုင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required