ဧရာဝတီတိုင်းအတွင်း တာဝန်နှင့်နာရေးမှအပ နေအိမ်ပြင်ပထွက်ခွာရင် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

ဧရာဝတီတိုင်းအတွင်း တာဝန်နှင့်နာရေးမှအပ နေအိမ်ပြင်ပထွက်ခွာရင် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း တာဝန်နဲ့နာရေးကိစ္စတွေကအပ  နေအိမ်ပြင်ပသွားလာရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့အရေးယူသွားမယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ကြေညာချက်ထဲမှာ တိုင်းဒေသကြီးအတွင်း မြို့နယ်နဲ့မြို့တွေက ဈေးတွေမှာရှိတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းဆိုင်တွေ၊ ဆေးဝါးပစ္စည်း ရောင်းချတဲ့ဆိုင်တွေကလွဲပြီး ကျန်တဲ့ဆိုင်အားလုံးကို  ဇူလိုင်လ ၂၅ ရက်ကနေ  ြသဂုတ်လ ၁ရက်အထိ ပိတ်သိမ်းထားဖို့တွေ ပါရှိပါတယ်။

Take-away (ပါဆယ်)စနစ်နဲ့  ရောင်းချနေတဲ့ စားသောက်ဆိုင်နဲ့လက်ဘက်ရည်ဆိုင်တွေ၊ ဈေးများအတွင်းမှာ ရောင်းချခွင့်ပြုထားတဲ့ အခြေခံစားသောက် ကုန်ပစ္စည်းဆိုင်တွေ၊ လမ်းဘေးစျေးဆိုင်တွေ၊ အိမ်ဆိုင်တွေဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်၊အလှပြင်ဆိုင်၊စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ပုဂ္ဂလိကအိမ်ဆိုင်၊ဌာနဆိုင်ရာသက်သာဈေးဆိုင်ခန်းတွေနဲ့ ဘုရားဈေးဆိုင်ခန်းတွေကိုတော့ ဇူလိုင်လ ၂၅ရက်ကစပြီး ဇူလိုင်လ ၂၅ ရက်ကနေ ြသဂုတ်လ ၁ ရက်နအထိ နံနက် ၆နာရီမှ နေ့လည်၁၂ နာရီအတွင်းသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၂၅ရက် မှာထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အချက် (၄)ချက်နဲ့ ထုတ်ပြန်ကြေညာထားတာဖြစ်ပြီး လိုက်နာဆောင် ရွက်ခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အရေး ယူဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းအကြမ်းဖက်စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင် လက်မှတ်နဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly