အိန္ဒိယ ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးစနစ် အသုံးပြုရန် စဉ်းစားနေ

အိန္ဒိယ ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးစနစ် အသုံးပြုရန် စဉ်းစားနေ

အိန္ဒိယ ဗဟိုဘဏ်အနေဖြင့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အသုံးပြုရန် စဉ်းစားနေကြောင်း အဆိုပါဘဏ်၏ ထိပ်တန်းအမှုဆောင်အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းငွေကြေးစနစ်ကို ထူထောင်ရန် လေ့လာနေကြောင်း ဗဟိုဘဏ်မှ ယခင်က ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲသို့ ပထမဆုံးအကြိမ် သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အိနိ္ဒယအရန်ငွေကြေးဘဏ်၏ ဒုတိယဥက္ကဌဖြစ်သူ တီရာဘီဆန်ကာက ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ်က နိုင်ငံတော်၏ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ကနဦးအဆင့် စတင်အသုံးပြုရန် စဉ်းစားနေသလို နိုင်ငံခြားငွေလဲလှယ်မှုစည်းမျဉ်းများနှင့် အိုင်တီ ဥပဒေများကို ပြောင်းလဲရန်လည်း လုပ်ဆောင်နေကြောင်း ပြောကြားသည်။

နိုင်ငံတော်က ထောက်ခံထားသည့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကြောင့် ငွေသားအပေါ်တွင် တိုင်းပြည်၏ စီးပွားရေးမှီခိုနေရမှုအပေါ် လျှော့ချနိုင်ခြင်း၊ နို်ငငံတကာ ငွေပေးချေရာတွင် ပိုမိုသက်သာလွယ်ကူခြင်းနှင့် ငွေကြေးကစားသည့် ပြဿနာမှ ပြည်သူများကို ကာကွယ်နိုင်မည်ဖြစ်သည်။

“အစီအစဉ်တစ်ခုအတွက် အချိန်ကာလတစ်ခုလိုအပ်ပါတယ်။ ဒစ်ဂျတယ်ငွေကြေးဗဟိုဘဏ် (CBDC) စတင်နို်ငဖို့ နီးကပ်လာပါပြီ။ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကိုလည်း သေသေချာချာ တွက်ချက်ထားပါတယ်” ဟု ကျွမ်းကျင်ပညာရှင်များအဖွဲ့ဖြစ်သည့် Vidhi Centre for Legal Policy က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အိနိ္ဒယအရန်ငွေကြေးဘဏ်၏ ဒုတိယဥက္ကဌက ပြောကြားသည်။

“အိန္ဒိယရဲ့ ဒစ်ဂျစ်တယ်ငွေကြေးဟာ ကမ္ဘာပေါ်ကငွေပေးချေမှုစနစ်တွေမှာ ဦးဆောင်နေတဲ့ နိုင်ငံရဲ့ အခန်းကဏ္ဍကို ဆက်လက်ရပ်တည်နိုင်စေမှာပါ”ဟုလည်း ဆန်ကာက ပြောသည်။

ဥရောပဗဟိုဘဏ်ကလည်း ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုခြင်းကို ၂၄ လ စမ်းသပ်အသုံးပြုမည်ဖြစ်ကာ အောင်မြင်မှုရရှိပါက ယူရိုဒစ်ဂျစ်တယ်ငွေကြေးကို ၂၀၂၅ ခုနစ်မတိုင်မီ စတင်အသုံးပြုမည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ပြန်ထားသည်။

တရုတ်ဗဟိုဘဏ်ကလည်း ဒစ်ဂျစ်တယ်ယွမ်ငွေ စမ်းသပ်အသုံးပြုခြင်းသည် ဇွန်လကုန်တွင် ဒေါ်လာ ၅ ဒသမ ၃ ဘီလျံတန်ဖိုးခန့် လွှဲပြောင်းပြီးဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly