ဖောက်ခွဲရေး ပစ္စည်းများတပ်ဆင်ထားသည့် ပါကစ္စတန် ဒရုန်းတစ်စင်း ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ပစ်ချခံရ

ဖောက်ခွဲရေး ပစ္စည်းများတပ်ဆင်ထားသည့် ပါကစ္စတန် ဒရုန်းတစ်စင်း ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ပစ်ချခံရ

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယား နယ်မြေရှိ အက်ချ်နိုးဒေသတွင် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများသယ်ဆောင်လာသည့် ပါကစ္စတန် ဒရုန်းတစ်စင်းကို ပစ်ချပြီး ရဲများက ဒရုန်းကို ၂၂ရက်ည ပိုင်းတွင် ဖျက်ဆီးလိုက်သည်။

ညသန်းခေါင်အချိန်တွင် ဒရုန်းတစ်စင်းကို ထောက်လှမ်းတွေ့ရကြောင်း သတင်းရရှိပြီးနောက် ဂျမူးနှင့် ကက်ရှ်မီးယား ရဲတပ်ဖွဲ့က ပစ်ချခဲ့သည်။ ရဲများက မောင်းသူမဲ့လေယာဉ် (UAV) မှ လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများကိုလည်း တွေ့ရှိခဲ့သည်။

အစောပိုင်းတွင် ဂျမူးနှင့် ကက်ရှ်မီးယား ရဲချုပ် ဒီဘတ်ဂ်ဆင်းက အကြမ်းဖက်သမားများသည် ဒရုန်းကို အသုံးပြုရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေသောကြောင့် သတိထားနေရန် အရာရှိများကို ညွှန်ကြားထားသည်။

“အကြမ်းဖက်သမားတွေက သူတို့လှုပ်ရှားမှုတွေအတွက် ဒရုန်းကို အသုံးပြုဖို့ တစ်စိုက်မတ်မတ် ကြိုးပမ်းနေပါတယ်” ဟု ရဲချုပ် ဒီဘတ်ဂ်ဆင်းက PTI သို့ ပြောကြားခဲ့သည်။

ဇွန်လ ၂၇ ရက်က ဂျမူးလေတပ်အခြေစိုက်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး တစ်လအတွင်း ဂျမူးရှိ နေရာအများအပြားတွင် ဒရုန်းများကို တွေ့ရှိခဲ့ပြီး နောက်ထပ် တိုက်ခိုက်ခံရမည်ကို စိုးရိမ်လျှက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly