စစ်ဘေးရှောင် ရွှေဘို ပလိုင်းရွာသား၆ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး၊ ကျန်သူတွေရွာမပြန်လျှင် သတ်ပစ်မည်ဟုဆို

စစ်ဘေးရှောင် ရွှေဘို ပလိုင်းရွာသား၆ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး၊ ကျန်သူတွေရွာမပြန်လျှင် သတ်ပစ်မည်ဟုဆို
ဓာတ်ပုံ - ပလိုင်းရွာသားများ ထွက်ပြေးတိမ်းရှောင်နေစဉ်။

ဇူလိုင် ၂၅

ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသော ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာသားခြောက်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့တွင်ဖမ်းဆီးသွားပြီး ကျန်သူများကို ရွာပြန်ရန်နှင့် မပြန်လျှင် သတ်မည်ဟု ခြိမ်းခြောက်သွားသည်။

“စစ်ဘေးရှောင်နေကြတဲ့သူတွေ၊ ရွှေဘိုမြို့ပေါ်က ပရဟိတကျောင်းမှာမိသွားတာပါ။ ကျွန်တော်တို့ခေါ်တာတော့ အဲ့ကျောင်းကိုအောင်မြေလို့ခေါ်တာ၊ မိန်းမသားတွေတော့ မဖမ်းသွားပါဘူ။း ရွာကို ပြန်ခိုင်းနေပါတယ်၊ နှစ်ရက်အတွင်း ရွာမဝင်ဘူးဆိုရင်  နောက်ရက်ရွာထဲပြန်ဝင်လာရင် ပစ်သက်မယ်လိုပြောသွားပါတယ်၊ ရှောင်နေတဲ့နေရာကို လာဖမ်းတာဆိုတော့ ဒလန်သတင်းပေးလို့ထင်တယ်” ဟုဒေသခံက ပြောသည်။ 

ဖမ်းဆီးခံရသူများမှာ ကိုပေါက်ချိတ်၊ကိုနေထွန်း၊ကိုနေဇင်သော်၊ကိုငွေမောင်၊ကိုအောင်ကျော်မိုးနှင့် ကိုဖိုးကျော်တို့ဖြစ်သည်။ 

ဖမ်းဆီးခံရသူများအား ဘယ်နေရာကို ဖမ်းသွားသည်ကို မသိရသေးပေ။ 

ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းတွင် စစ်အာဏာသိမ်းမှုထောက်ခံသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်တစ်ဦးက ဒေသခံကာကွယ်ရေးတပ်များရှိသည်ဟု သတင်းပေးမှုကြောင့် စစ်ကားအကြီး သုံးစီးဖြင့် ပလိုင်းအုပ်စု တပ်တူကျေးရွာဘက်တွင် စတင်ဝင်ရောက်လာခဲ့သည်။ 

အကြမ်းဖက်စစ်တပ်သည် လက်ရှိအချိန်အထိ အိမ်ခြေ ၂၀၀၀ ခန့်ရှိသည့် ပလိုင်းရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြပြီး ရွာအိမ်နေအိမ်အချို့မီးရှို့ခံရမှုရှိကာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly