အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော Bataclan ပြဇာတ်ရုံသို့ Eagles of Death Metal ဂီတအဖွဲ့ သွားရောက် ကြည့်ရှှု

အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော Bataclan ပြဇာတ်ရုံသို့ Eagles of Death Metal ဂီတအဖွဲ့ သွားရောက် ကြည့်ရှှု

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော Bataclan ပြဇာတ်ရုံသို့ အမေရိကန် ဂီတအဖွဲ့ Eagles of Death Metal က အင်္ဂါနေ့က သွားရောက် ကြည့်ရှှုခဲ့သည်။

နိုဝင်ဘာလ အတွင်းက Bataclan ပြဇာတ်ရုံတွင် Eagles of Death Metal အဖွဲ့ ဖျော်ဖြေနေ စဉ် အချိန်အတွင်း အကြမ်းဖက်သမားများက တိုက်ခိုက်မှှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

သေဆုံးသွားခဲ့သူ ၉၀ ခန့်အတွက် လွမ်းသူ့ပန်းခွေများ ချရန် ထိုပြဇာတ်ရုံသို့ Eagles of Death Metal ရော့ခ်ဂီတအဖွဲ့က အင်္ဂါနေ့က သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဂီတအဖွဲ့သား တစ်ဦးဖြစ်သူ Jesse Hughes သည် ပရိသတ်အနည်းငယ် ရှေ့မှောက်တွင် ဝမ်းနည်းစကား မပြောကြားမီ မျက်ရည်များ ဝဲလာခဲ့သေးသည်။

တနလာၤနေ့ကလည်း Eagles of Death Metal အဖွဲ့သည် ယူတူးအဖွဲ့နှင့်အတူ ပဲရစ်မြို့တွင် ဖျော်ဖြေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags