သီပေါမှာ တိုက်ပွဲဖြစ်

သီပေါမှာ တိုက်ပွဲဖြစ်

ဇူလိုင် ၂၂

သီပေါမြို့နယ် နောင်အန်ကျေးရွာအနီးမှာ ဒီနေ့မနက် ၇ နာရီခန့်ကစပြီး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

" လက်နက်အကြီး အသေးသံတွေ ဆူညံနေတာပဲ။ ဘယ်အဖွဲ့တွေ ဖြစ်နေကြတယ်တော့ မသိသေးဘူး" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သီပေါမြို့နယ်နဲ့ ကျောက်မဲမြို့နယ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(TNLA) တိုက်ပွဲ ဖြစ်ပွားခဲ့သလို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSSနဲ့ SSPP အပြင် RCSSနဲ့ TNLAလည်း တင်းမာမှုတွေ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly