DKBA စစ်ဦးစီးချုပ် ကိုဗစ်-၁၉ ကြောင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသမှုခံယူနေ

DKBA စစ်ဦးစီးချုပ် ကိုဗစ်-၁၉ ကြောင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသမှုခံယူနေ

ဇူလိုင် ၂၁

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ဖွယ်ဖြစ်ကြောင်း နီးစပ်သော သတင်းရင်းမြစ်များအရ သိရသည်။

ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ကိုဗစ်ရောဂါဖြင့်သေဆုံးကြောင်း သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိတွင် စစ်ဆေးရုံ၌ ကုသနေဆဲဟု ဒီကေဘီအေပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီးစောစိုးမြင့်က ပြောသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) မှခွဲထွက်ခဲ့ကာ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ဟု ခေါ်တွင်သောအဖွဲ့သည် နောက်ပိုင်းတွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်အဖြစ် (DKBA) အမည်ပြောင်းလဲခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly