ကမ္ဘာ့နိုင်ငံများနဲ့ အသွင်ပြောင်း ကိုဗစ်

20 July 2021
ကမ္ဘာ့နိုင်ငံများနဲ့ အသွင်ပြောင်း ကိုဗစ်

တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကို မနှစ်ကကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာတော့ ဧပြီလကပြီးပိုးကူးစက်မှုတရှိန်ထိုးမြင့်တက်လာတာကြောင့် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း စီရင်စု ၁၆ ခုကို အခုတနင်္လာနေ့ကစပြီး ကပ်ရောဂါကန့်သတ်ချက်တွေချမှတ်လိုက်ပါ တယ်။ ၂၄ နာရီအတွင်းပိုးကူးသူ ၆ ထောင်တွေ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ခုလိုကန့်သတ်ချက်တွေထုတ်ပြန်လိုက်တာပါ။ လူ၅ ဦးထက်ပိုပြီးလူမစုရ အမိန့်လည်းထုတ်ပြန်ထားသလို မြို့တော်Hanoi မှာတော့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ မေတ္တာရပ်ခံထားပြီး  မရှိမဖြစ်မဟုတ်တဲ့ လုပ်ငန်းအားလုံး ရပ်ထားရပါတယ်။ ဟိုချီမင်းမြို့မှာတော့ လူထောင်ချီဆန့်တဲ့ယာယီဆေးရုံတွေကို အာဏာပိုင်တွေဆောက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly