လပွတ္တာမြို့ အုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်ကွဲ

လပွတ္တာမြို့ အုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်ကွဲ

ဇူလိုင် ၁၉

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်ဇူလိုင်လ ၁၉ ရက်  နံနက် ၆နာရီခွဲအချိန်  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။  

“ဗုံးကတော့ တစ်လုံးပဲပေါက်တာ အသံအကျယ်ကြီးကြားလိုက်ရတယ်၊ မနက်အစောကြီးဆိုတော့ လန့်တောင်နိုးတယ်” ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အဆိုပါဗုံးဟာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခြံအပြင်ဘက် လမ်းမ ပလက်ဖောင်းပေါ်တွင်ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဟုဆိုသည်။ 

အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ၂၀၁၅ ခုနှစ်ကတည်းက အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကာ လက်ရှိအာဏာသိမ်းကာလအထိ အုပ်ချုပ်ရေးမှူးဆက်လုပ်နေသည့် အတွက် ဒလန်ဟု သတ်မှတ်ခံထားရသည်ဟု ဒေသခံကဆိုသည်။ 

ပေါက်ကွဲမှုဖြစ်စဉ်နေရာသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ရဲသားများ လာရောက်စစ်ဆေးမှုတွေပြုလုပ်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly