ဂျပန်အခြေစိုက် လယ်ယာသုံးစက်ကိရိယာပစ္စည်းတင်သွင်းတဲ့ ကူဘိုတာမြန်မာက မြန်မာမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံမယ်

ဂျပန်အခြေစိုက် လယ်ယာသုံးစက်ကိရိယာပစ္စည်းတင်သွင်းတဲ့ ကူဘိုတာမြန်မာက မြန်မာမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံမယ်

ဇူလိုင် ၁၈

ဂျပန်အခြေစိုက် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်ရောင်းချတဲ့ ကူဘိုတာမြန်မာကုမ္ပဏီက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်သွားမယ်လို့ ဂျပန်သတင်းဌာန NIKKEI Asia သတင်းဌာနနဲ့ ကူဘိုတာဂျပန်ရဲ့ ဥက္ကဌ Yuichi Kitao နဲ့ အင်တာဗျူးမှာ မစ္စတာ ယူအိချီက ပြောလိုက်တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုမ္ပဏီအနေနဲ့ အခက်အခဲတွေရှိခဲ့ပေမယ့် မြန်မာ့လယ်ယာကဏ္ဍအတွက် ကူတာဘိုရဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာတွေဖြစ်တဲ့ ရိတ်သိမ်းချွေလှေ့စက်၊ လယ်ထွန်စက်၊ ကောက်စိုက်စက်၊ အသေးစားမြေတူးစက်နဲ့ လယ်ယာသုံးအပိုပစ္စည်းတွေ တင်သွင်းရောင်းချမှုကို ဆက်ပြီး လုပ်သွားမယ်လို့ သိရပါတယ်။

"မြန်မာနိုင်ငံမှာ ကျွန်တော်တို့ လုပ်ငန်းတွေ ဆက်လုပ်သွားမှာပါ။ ပစ္စည်းတင်ပို့မှုကို မေလကစပြီး ကျွန်တော်တို့ တဖြည်းဖြည်း ပြန်စနေပါပြီ။" လို့ သူက ပြောပါတယ်။

ကူတာဘိုမြန်မာအနေနဲ့ မြန်မာနိုင်ငံမှာ လယ်ယာသုံးစက်ကိရိယာပစ္စည်း ရောင်းချမှုကနေ တစ်နှစ်ကို အမြတ်ငွေ ဂျပန်ယန်း ၁၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၅ မီလျံ) ရှိပါတယ်။

ကူဘိုတာမြန်မာကုမ္ပဏီဟာ ကူဘိုတာကော်ပိုရေးရှင်း (ဂျပန်) ရဲ့ အရောင်းကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ၂၀၁၅ စက်တင်ဘာက စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်မှာ ရုံးစိုက်ပြီး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly