မြန်မာနိုင်ငံမှာ လူပေါင်း ၆ ဒသမ ၂ သန်းခန့် အစားအစာပြတ်လပ်မှု ကြုံနေရတယ်လို့ NUG ထုတ်ပြန်

မြန်မာနိုင်ငံမှာ လူပေါင်း ၆ ဒသမ ၂ သန်းခန့် အစားအစာပြတ်လပ်မှု ကြုံနေရတယ်လို့ NUG ထုတ်ပြန်

ဇူလိုင် ၁၈

မြန်မာနိုင်ငံအတွင်းက လူပေါင်း ကိုးသိန်းကျော်ဟာ အကူအညီတွေ လိုအပ်နေပြီး သုံးသိန်းကျော်ဟာ စစ်ဘေးဒုက္ခသည်တွေအဖြစ် ပြေးရှောင်နေရသလို အနည်းဆုံး လူပေါင်း ၆ ဒသမ ၂ သန်းလောက် အစားအစာပြတ်လပ်မှုဒဏ်ကို ကြုံနေကြရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အခုလို ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုနှုန်း တိုးလာနေချိန် ပြည်သူလူထုတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေကို အရေးပေါ်မေတ္တာရပ်ခံကြောင်းလည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာက ချက်ချင်းကူညီမှုမရှိရင် မြန်မာနိုင်ငံဟာ မျိုးကွဲရောဂါသစ် အပါအဝင် ကိုဗစ် ၁၉ ပြန့်ပွားစေတဲ့ အဓိက နိုင်ငံတစ်ခု ဖြစ်လာနိုင်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ကောင်းမွန်စနစ်ကျတဲ့ ဝင်ရောက်စွပ်ဖက်မှု အမြန်ဆုံးဆောင်ရွက်ပေးဖို့လည်း NUG အစိုးရက တောင်းဆိုထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required