ညောင်တုန်းမြို့ အိုဆာကာတည်းခိုခန်း မီးလောင်

ညောင်တုန်းမြို့ အိုဆာကာတည်းခိုခန်း မီးလောင်

ဇူလိုင် ၁၈

ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာရှိတဲ့ အိုဆာကာတည်းခိုခန်းမှာ ဒီကနေ့ဇူလိုင်လ ၁၈ရက်နေ့ နံနက် ၁၀နာရီ၃၀မိနစ်ခန့်က မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။

“အခု ၁၂နာရီထိုးခါနီးလောက်မှာတော့ မီးမရှိတော့ဘူး။ ဘေးနားတွေတော့ မကူးဘူး၊ အထဲမှာက အခန်းတွေများတော့ ငြှိမ်းရခက်နေတာလို့ပြောတယ်၊ ဘာ့ကြောင့်လောင်လဲ မသိသေးဘူး”လို့ ညောင်တုန်းမြို့ခံ တစ်ဦးကပြောပါတယ်။

မီးလောင်မှု ဘာကြောင့်ဖြစ်ပွါးတယ်ဆိုတာကိုတော့ မသိရှိရသေးဘဲ မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိဘူးလို့ ကနဦး သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly