နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဇူလိုင် ၂၀၂၁)
ပုံစာ - လက်ပံတောင်းတောင်ဒေသ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း (Photo - CJ)

ရန်ကုန်တိုင်းဒေသကြီး

·       တောင်ဒဂုံမြို့နယ်မှာရှိသည့် နိုင်အောင်စီဂျင်စက်ရုံတွင် မြို့နယ်စစ်ဒေသမှူး ဗိုလ်မှူးနေမျိုးအောင်၏ လက်မှတ်ပါမှ အောက်စီဂျင်ဖြည့်ပေးမည်ဟု ထုတ်ပြန်ထားသည်။

·       ရန်ကုန် မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၁ရရက်နေ့က “ တစ်ယောက်တည်းရှိလည်း သွေးမအေး” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

·       နိုင်ငံပိုင်အောက်ဆီဂျင်စက်ရုံတွေအပြင် ပုဂ္ဂလိကပိုင်စက်ရုံတွေနဲ့ပါ ညှိနှိုင်းထားပြီးဖြစ်တဲ့အတွက် ရန်ကုန်မြို့မှာ မကြာခင် အောက်ဆီဂျင် အခမဲ့ ပေးဝေဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေ သကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။

·       ရန်ကုန်မြို့နေလူထု၏ အိမ်ထောင်စုဇယားများ ကောက်ခံမှုလုပ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် အောက်ခြေအုပ်ချုပ်ရေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတစ်ချို့က အကြောင်းကြားစာပေးပို့ထားကြောင်း သိရှိရသည်။

·       အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထားခြင်းခံနေရသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် COVID-19 ရောဂါဖြင့် မင်္ဂလာဒုံစစ်ဆေးရုံ အရေးပေါ်လူနာဆောင်သို့ ရောက်ရှိ နေကြောင်း သူနှင့် နီးစပ်သည့် သတင်းရင်းမြစ်အပြောအရသိရသည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ နေ့စဉ်ပြုလုပ်နေကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ်,မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပေးခြင်းကို ဇူလိုင်လ ၁၆ရက်နေ့ ညပိုင်းကလည်း သံဃသမဂ္ဂ ဆရာတော်များက ပြုလုပ်ခဲ့သည်။

·       မန္တလေးတွင် မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ ၁၆ရက်နေ့ ညပိုင်းက "ဒီပွဲဟာ အာဏာရူးတွေကို အမြစ်ကနေ ဆွဲနှုတ်နေတဲ့ နောက်ဆုံးပွဲ" အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် နေ့စဉ် ပြုလုပ်နေကျဖြစ်သော အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး အသံမတိတ် အလံမလိပ် ပြည်ကြီးတံခွန် ညသပိတ် ဇူလိုင်လ ၁၆ရက်နေ့တွင်လည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

·       မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မဏိစည်သူဈေးကြီးအတွင်း ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးသွေးမအေးကြောင်း ညောင်ဦးမြို့ NYU_GenerationZ များက ချီတက် သပိတ်မှောက်ကြသည်။

·       မန္တလေးမြို့တွင် ဇူလိုင်လ ၁၇ ရက် နံနက်က အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံ သပိတ် စစ်ကြောင်း ချီတက်ခဲ့ပြီး "ငါတို့ အောင်မြေသာစံ ငါတို့ ပြန်ပေး၊ ငါတို့ မန္တလေး ငါတို့ ပြန်ပေး၊ ငါတို့ နိုင်ငံ ငါတို့ ပြန်ပေး" ဟုကြွေးကြော်ကာ စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြကြသည်။

·       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၈) ရပ်ကွက် အုပ်ကြီး နေအိမ်ထဲကို လက်ပစ်ဗုံးပစ်ထည့်ခဲ့ ကြောင်း မြင်းခြံမြို့၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ကြေညာသည်။

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ၁၅၉ ရက်မြောက်နေ့အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

·       မန္တလေးတွင် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး အောင်ပင်လယ် ပင်မသပိတ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေး အခြေစိုက် တကသ ကျောင်းသားများဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် “ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးမြို့ ကျောက်မျက်ရတနာကုန်သည်ပွဲစားများသပိတ်စစ်ကြောင်းသည် ဇူလိုင် ၁၇ ရက် နေ့လယ်တွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာ များစုပေါင်းပြီး ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင် ဆန္ဒပြပြည်သူအင်အားအများအပြားဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·       စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် မုံရွာပင်မ သပိတ်စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ချီတက် သပိတ်မှောက်ကြောင်း သိရှိရသည်။

·       စစ်ကိုင်းတိုင်းကလေးမြို့နယ်တွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြည်သူများက ချီတက် သပိတ်မှောက်ကြသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ အရှေ့စည်းရွာတွင် စစ်ကောင်စီတပ်များနှင့် ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်း ၅ နာရီတွင် ဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ကလေး PDF က တရားဝင်သတင်းထုတ်ပြန်သည်။

·       ပုလဲမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် စစ်တပ်နှင့်ရဲက အရပ်သားများအဖြစ် ဟန်ဆောင်ပြီး အိမ်သုံးကားများဖြင့် မြို့တွင်းလှည့်လည်သွားလာနေသည့်အတွက် ပုလဲမြို့နယ်တွင်းနေ ပြည်သူများအနေဖြင့်  ဇူလိုင်လ(၁၈)ရက်နေ့က စပြီး ည(၈)နာရီနောက်ပိုင်း အပြင်ထွက်လာသူများကို မှားယွင်းပစ်ခတ်မိနိုင်ခြင်းကြောင့် လမ်းမကြီးပေါ် ဖြတ်သန်း မောင်းနှင်သွားလာြခင်း မပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသည်။

·       စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်အာဏာရှင်ဖြုတ်ချရေး အတွက် ဆိပ်ခွန်သပိတ်စစ်ကြောင်းက ဇူလိုင်လ ၁၇ ရက်နေ့ ချီတက် သပိတ်မှောက်ကြသည်။

·       ဒီပဲယင်းမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၁ရရက်နေ့က အမျိုးသမီးများ ဦးဆောင် ပြုလုပ်သည့် အကြမ်းဖက် စစ်ကာင်စီ ဖြုတ်ချရေး “ ငါတို့ထမီ ငါတို့အလံ ငါတို့အောင်ပွဲ” စာဥတို့ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး

·       မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျေးရွာတစ်ရွာတွင် ဇူလိုင်လ ၁၇ ရက်နံနက်က ကောက်စိုက်သပိတ် ပြုလုပ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ဆန္ဒပြကြသည်။

·       မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုးကို လာဖမ်းတာ မတွေတဲ့အတွက် ဖခင်ဖြစ်သူ အသက် (၆၇) နှစ်အရွယ် ဦးတင်အုန်း ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး

·       ထားဝယ်ရှိ သပိတ်စစ်ကြောင်းများအား အကြမ်းဖက် စစ်ကောင်စီ အုပ်စုများက ဖြိုးခွင်းမှုများ ဆက်တိုက်ပြု လုပ်နေသည့်အတွက် ထားဝယ်မြို့ပေါ်ရှိ သပိတ်စစ်ကြောင်းများ ဦးဆောင်သည့် လူငယ်များက ဇူလိုင်လ ၁၆ရက် နေ့တွင် စစ်အာဏာရှင်ကို "နည်းလမ်းပေါင်းစုံဖြင့် တော်လှန်မည်" ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

·       လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့က လူငယ်များ ဦဆောင်းပြုလုပ်သော စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       တနင်္သာရီတိုင်း လောင်းလုံးမြိုနယ် သကျက်တောရွာတွင် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

·       တနင်္သာရီတိုင်း ကံပေါက်ဒေသတွင် ကျောင်းသားလူငယ်များ ဦးဆောင်သည့်သပိတ်စစ်ကြောင်းသည် ဇူလိုင်လ ၁၇ ရက် နံနတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့ကြပြီး "လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ ကိုးဦးမက" ဆိုတဲ့စာ တန်းကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြကြသည်။

·       လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာတွင် စစ်အာဏာရှင်ဖြုတ်ချရေး ဆိုင်ကယ်သပိတ်ဖြင့် လှည့်လည်ဆန္ဒပြ ခဲ့ကြသည်။

·       တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကြက်ယက်တွင်းကျေးရွာရှိ ကျောင်းသားလူငယ်များသည် ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းက ရွာရှိဈေးအတွင်း ကိုဗစ်ကပ်ရောဂါကာကွယ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး Mask များ ဝေငှခဲ့ကြသည်။

·       တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ နတ်စင်ရှောင်ကျေးရွာရှိ ကျောင်းသားပြည်သူများသည် ဇူလိုင်လ ၁၇ ရက် နံနက်၌ အရုဏ်ဦးသပိတ်စစ်ကြောင်း ချီတက်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော် ဆန္ဒပြ ကြသည်။

·       လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာတွင် ယနေ့ ဇူလိုင်လ၁၇ ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်

·       ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်မြို့သစ်၊ နွယ်လွန်းကျေးရွာမှ အသက် ၅၁နှစ်အရွယ် အမျိုး သမီးကြီးတစ်ဦးကို စစ်ကောင်စီတပ်သား ၃ ဦးမှ သတ်ဖြတ်ခဲ့သည်ကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က တရားဝင်သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်

·       မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လူငယ်များသည် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးအတွက် ဇူလိုင်လ ၁၇ ရက်တွင် အိမ်တွင်းသပိတ်ပြုလုပ်ကာ ဆန့်ကျင်ဆန္ဒပြကြသည်။

ကရင်ပြည်နယ်

·       ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ် ကူးဆိပ်ကျေးရွာမှ လူနေအိမ် ၅ လုံးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

·       ဘားအံမြို့သူမြို့သားများ၏ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး အလှူငွေများအား စစ်ကောင်စီ လက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ စက်ရုံအတွက် အလှူငွေလှူလိုက်ကြောင်း သတင်းများပြန့်နှံ့ကာ ဝေဖန်မှုများပြားလျှက်ရှိသည်။

ရှမ်းပြည်နယ်

·       အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ် မြို့နယ်တိုင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ နေအိမ် တစ်အိမ်ချင်းစီအလိုက် အချက်အလက်များ ကောက်ခံခြင်းနှင့်အတူ နေအိမ်တစ်လုံးချင်းစီအလိုက် မြေပုံအညွှန်း လတ္တီတွဒ် နှင့် လောင်ဂျီတွဒ် နံပါတ်များပါ သက်ဆိုင်ရာ ရပ်/ကျေးတာဝန်ရှိသူများကနေ တဆင့် ထည့်သွင်း ကောက်ခံခိုင်းထားကြောင်း သိရသည်။

·       အာဏာသိမ်းစစ်ကောင်စီအတွက် ဝါဒဖြန့် ဟောပြောပေးထားသည့် မိုးဟိန်း ၏ ဟောပြောချက်များကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်ရှိ ရှမ်းပြည်နယ်တွင်းမှ ဝန်ထမ်းများအားလုံး ပြသ ရှင်းလင်းဆွေးနွေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ချင်းပြည်နယ်

·       ချင်းပြည်နယ် မင်းတပ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကံကြီးဘက်ခြမ်းမှကားဖြင့်သယ်ဆောင်လာသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်ပတ်သက်သော ပစ္စည်းများဖြစ်သည့် Mask အထုတ်ကြီး ငါးထုတ် ၊Test Kit နှစ်ဘူး ၊ လက်အိတ်တစ်ဖာ နှင့်လေဆာဖြန်းဆေးနှစ်ဘူးကို သိမ်းဆည်းခံရကြောင်း သိရသည်။

နေပြည်တော်

·       CDM ပြုလုပ်သည့် ဝန်ထမ်းများအပေါ် ဖိနှိပ်၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပြီး အကြမ်းဖက်စစ်ကောင်စီ အတွက် ဆက်လက်အလုပ်လုပ်ကိုင်ပေးနေသူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိ ၁၅ဦးကို ရာထူးမှ ထုတ်ပယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာသည်။

ဇူလိုင် ၁၇ သုံးသပ်ချက်

·       ရန်ကုန်တွင် ဆန္ဒပြမှု မရှိသလောက်နည်းပါးနေသည်ကို တွေ့ရသည်။စစ်ကောင်စီဆေးရုံတွင် အလှူရှင်များမှ ဝယ်ယူလှူဒါန်းထားသည့် အောက်စီဂျင်များရောက်နေသော်လည်း ကိုဗစ်ရောဂါကို တက်ရောက် ကုသနိုင်သည့် ပမာဏမှာ အကန့်အသတ်ဖြစ်နေသည်။သို့ဖြစ်၍ နေအိမ်များတွင် ကိုယ်အစီအစဉ်ဖြင့် ကုသနေရသည့် ပြည်သူများအတွက် အောက်စီဂျင်လိုအပ်ချက်က ရှိနေဆဲဖြစ်သည်။ သေဆုံးသည့်အရေအတွက်မှာ နေ့စဉ်မြင့်တက်နေသည်ကိုလည်း တွေ့ရသည်။

·       မန္တလေးတွင် ဖမ်းဆီးမှုများ ရှိနေသော်လည်း ဆန္ဒပြမှုများ အားကောင်းနေသည်ကို တွေ့ရသည်။ မန္တလေးမှာလည်း ကိုဗစ်ကြောင့် အောက်စီဂျင် လိုအပ်ချက်မြင့်မားလာသည်ကို တွေ့လာရသည်။

·       စစ်ကိုင်းနှင့်တနင်္သာရီတိုင်းဒေသကြီးများတွင် လူထုဆန္ဒပြမှုများ အားကောင်းနေဆဲဖြစ်သည်။စစ်ကိုင်းတွင် PDF များ၏ အာဏာရှင် ဆန့်ကျင်ရေးနှင့် အာဏာရှင် ဒေါက်တိုင်ရှင်းလင်းရေးများလည်း ရှိနေသည်ကို တွေ့ရသည်။

·       ကျန်ပြည်နယ်နှင့်တိုင်းများတွင် ဆန္ဒပြမှုများ မရှိသလောက်နည်းပါးသွားပြီး ကိုဗစ်ကပ်ရောဂါဆိုးကို ပြည်သူများမှ မိမိအစီအစဉ်ဖြင့် ရင်ဆိုင်တွန်းလှန်နေရသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly