မန္တလေး လျှပ်စစ်မီတာရုံးဗုံးကွဲ  ၂ ဦးသေ ၇ ဦး ဒဏ်ရာရ

မန္တလေး လျှပ်စစ်မီတာရုံးဗုံးကွဲ  ၂ ဦးသေ ၇ ဦး ဒဏ်ရာရ

ဇူလိုင် ၁၆

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်မီတာရုံးတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

 မြို့နယ်လျှပ်စစ် ဒုတာဝန်ခံအမျိုးသားတစ်ဦးနှင့် လျှပ်စစ်မီတာလာဆောင်သည့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားပြီ ဒဏ်ရာရရှိသူ ခုနှစ်ဦးအထိရှိကြောင်း သိရသည်။ 

ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးဟာ ဘုံပျံတောရကြောင်းအနီးတည်ရှိပြီး ဗုံးပေါက်ပြီးနောက်  စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး လမ်းပိတ်ကာ စစ်ဆေးမှုများပြုလုပ်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly