ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ၁၅ ရက်အတွင်း လူ ၂၀၀ ကျော် သေဆုံး

ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ၁၅ ရက်အတွင်း လူ ၂၀၀ ကျော် သေဆုံး
ဓာတ်ပုံ- Manaw Phyu

ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့က ဇူလိုင်လ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူ ၂၁၀  ဦးရှိလာပြီလို့  မနောဖြူလူမှုကူညီရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံမှာ သေဆုံးတဲ့ လူနာတွေ၊ နေအိမ်တွေမှာသေဆုံးတဲ့ လူနာတွေနဲ့ မဆရ (၄) (စစ်ဆေးရုံ) မှာသေဆုံးတဲ့ လူနာတွေပါဝင်ပြီး အောက်ဆီဂျင်လိုအပ်ချက်ကြောင့် သေဆုံးတဲ့သူတွေ အများကြီးပါဝင်တယ်လို့ ပုသိမ်ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ- Manaw Phyu

ပုသိမ်မြို့ပေါ်ပရဟိတ အဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက အောက်ဆီဂျင် ရနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ကူညီဆောင်ရွက်ပေးနေတယ်လို့လည်းသိရပြီး ပရဟိတအဖွဲ့တစ်ဖွဲ့နဲ့ ရပ်မိရပ်ဖတွေက လူနာတွေ အောက်ဆီဂျင် လုံလုံလောက်လောက်ရရှိနိုင်ဖို့ အလှူငွေတွေကောက်ခံပြီး အောက်စီဂျင်စက်ဝယ်ဖို့ စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။

ပုသိမ်မြို့မှာ ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးကြောင့် သေဆုံးသူ ၃၀  ဦးရှိတယ်လို့လည်းသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly