လောက်ကိုင်မြို့က တောညီနောင် ကွာရတင်းစင်တာမှာ ကိုဗစ်လူနာတွေကို စတင်ထားရှိ

လောက်ကိုင်မြို့က တောညီနောင် ကွာရတင်းစင်တာမှာ ကိုဗစ်လူနာတွေကို စတင်ထားရှိ
ဓာတ်ပုံ- ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း

ဇူလိုင် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ကွန်တိန်နာတွေနဲ့ တည်ဆောက်ထားတဲ့ တောညီနောင် ကွာရတင်းစင်တာမှာ ကိုဗစ် ၁၉ လူနာတွေကို စတင်ထားရှိနေပြီလို့ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက ဒီနေ့ (ဇူလိုင်လ ၁၅ ရက်) မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း

အဲဒီတောညီနောင် ကွာရတင်းစင်တာကို ကွန်တိန်နာအလုံးရေ ၂၀၀ နဲ့ တည်ဆောက်ထားတာဖြစ်ပြီး ကိုဗစ်လူနာ ၁၂၀၀ ဝန်းကျင်ထားရှိနိုင်မှာဖြစ်ကာ စင်တာအတွင်းမှာတော့ ရေချိုးခန်း၊ အိမ်သာ၊ ရေပူရေအေး၊ ကုတင်၊ မီးနဲ့ Air con တွေ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း

အခုဖွင့်လှစ်ထားတဲ့ တောညီနောင် ကွာရတင်းစင်တာကို ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်၊ လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ချောချောအေးက ဆောက်လုပ်လှူဒါန်းထားတာဖြစ်ပြီး မြန်မာကျပ်ငွေ သိန်း ၉၀၀၀ ကုန်ကျတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း

ဒါ့အပြင် အဲဒီကွာရတင်းစင်တာကနေ တစ်ရက်ကို အနည်းဆုံး လူဦးရေ နှစ်ထောင်ကျော်အထိ ကိုဗစ် ၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးနိုင်မယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly