ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိတဲ့ အီတလီဂိုးသမား

ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိတဲ့ အီတလီဂိုးသမား
Photo: EPA

ပီအက်စ်ဂျီအသင်းဟာ အီတလီဂိုးသမား ဒွန်နာရမ်မာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီတလီအသင်းက ယူရို ၂၀၂၀ ဖလား ဆွတ်ခူးနိုင်ခဲ့သလို အသက် ၂၂ နှစ်အရွယ် ဂိုးသမားဟာလည်း ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာတာဖြစ်ပါတယ်။

သူဟာ အာဇူရီတို့ အင်္ဂလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူခဲ့စဉ်က ပင်နယ်တီ နှစ်လုံး ကာကွယ်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ဒွန်နာရမ်မာဟာ အေစီမီလန်နဲ့ သူ့ရဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းကနေ ထွက်ခွာခဲ့တာပါ။

"ဒီကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းမှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်ရလို့ ကျနော် အရမ်းပျော်ပါတယ်။"လို့ သူက ပြောပါတယ်။

"ဒီစိန်ခေါ်မှုအသစ်နဲ့ ဒီနေရာမှာ ဆက်ပြီး တိုးတက်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျနော် ခံစားမိတယ်။

"ပါရီမှာ ကျနော် တတ်နိုင်သမျှ အောင်မြင်မှုရလိုပြီး ပရိသတ်တွေကို ပျော်ရွှင်မှုရယူပေးချင်ပါတယ်။

ဒွန်နာရမ်မာဟာ အီတလီအသင်းအတွက် ပွဲပေါင်း ၃၃ ပွဲကစားထားပြီး နည်းပြချုပ် မန်စီနီရဲ့ လက်အောက်မှာ ပထမပွဲထွက်ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

သူဟာ အသက် ၁၆ နှစ်မှာ ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီးနောက် မီလန်အတွက် ပြိုင်ပွဲစုံ ၂၅၁ ပွဲကစားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly