တရုတ်က ဗြိတိန်တက္ကသိုလ်များကို ခြိမ်းခြောက်နေကြောင်း လွှတ်တော်အမတ် ပြောကြား

By Just Earth News
15 July 2021
တရုတ်က ဗြိတိန်တက္ကသိုလ်များကို ခြိမ်းခြောက်နေကြောင်း လွှတ်တော်အမတ် ပြောကြား

ပညာရေးတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုသည် ဗြိတိန်တက္ကသိုလ်များအတွက် ကြီးမားသော ပြဿနာဖြစ်လာနေသည်ဟု ဗြိတိန်ပါလီမန်အမတ်တစ်ဦးက ပြောကြားခဲ့သည်။

ရှင်ကျန်းပြည်နယ်ရှိ လူနည်းစုဝီဂါလူနည်းစုအပေါ်မတရားပြုခြင်းကဲ့သို့သော လူ့အခွင့်အရေးကိစ္စများအပေါ် လွတ်လပ်စွာ ငြင်းခုံမှုများကို တားဆီးရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုများကို သူမအနေဖြင့် သတိထားလာမိကြောင်း ပါလီမန်ရှိ နိုင်ငံခြားရေးရာရွေးချယ်ရေးကော်မတီမှ ပါလီမန်အမတ် အေလီကာ ကင်းက Express.co.uk သို့ ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ တက္ကသိုလ်တွေကို ထေ့ငေါ့ခံလာရပါတယ်။ ကျွန်မတို့ တက္ကသိုလ်တွေဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်မရှိဘူးလားဆိုတဲ့ ပြဿနာရှိလာတယ်” ဟု အေလီကာ ကင်းက Express.co.uk သို့ ပြောကြားခဲ့သည်။

“ကျွန်မတို့ရဲ့ တက္ကသိုလ်တွေမှာ ကိုယ်တိုင် အပြောအဆို ထိန်းချုပ်တင်းကြပ်ရခြင်းဟာ ကြီးမားတဲ့ ပြဿနာဖြစ်လာတာပါပဲ” ဟု သူမက ပြောကြားခဲ့သည်။

"ကိုယ့်ကိုယ်ကို ဆင်ဆာဖြတ်တောက်တာအပြင် နိုင်ငံတကာကမ္ဘာအင်အားကြီးနိုင်ငံတွေက ဝင်လာပြီး ပညာရှင်တွေ၊ သုတေသနနယ်ပယ်တွေကို ဝယ်ကြသလို တက္ကသိုလ်မှရှိတဲ့ ကောလိပ်တွေကိုတောင် ဝယ်ယူနေကြပါတယ်" ဟု သူမက ဆိုသည်။

“လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးဖို့အတွက် အမြဲတမ်းအသင့်ဖြစ်နေသင့်တဲ့ တက္ကသိုလ်တွေအတွက် ကျွန်မအနေနဲ့ အရမ်းစိုးရိမ်မိပါတယ်၊ မေးခွန်းအတွက်ပဲမဟုတ်ဘူး၊ ခုတော့ နိုင်ငံခြားအင်အားကြီးနိုင်ငံတွေက ကျွန်မတို့ကို ဝယ်နေပြီး အထူးသဖြင့် တရုတ်က ဝယ်နေတာပါ” ဟု သူမက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required