တရုတ်နှိမ်နင်းမှုကြောင့် ဟောင်ကောင်တွင် ဒီမိုကရေစီအုပ်စု အားနည်းလာနေ

By Just Earth News
15 July 2021
တရုတ်နှိမ်နင်းမှုကြောင့် ဟောင်ကောင်တွင် ဒီမိုကရေစီအုပ်စု အားနည်းလာနေ

အကြောင်းအရာ အများအပြားတွင် တရုတ်နှင့် ပြဿနာဖြစ်ပွားနေသည့် ဟောင်ကောင်၌ ဆန့်ကျင့်လှုပ်ရှားမှုများကို တရုတ်အစိုးရက ပိုမို လုပ်ဆောင်လာသောကြောင့် ဒီမိုကရေစီလိုလားသော အရပ်ဘက် အဖွဲ့အစည်းတစ်ခု သည် ယင်း၏ လခစားဝန်ထမ်းများအား အလုပ်ဖြုတ်ရခြင်းနှင့် ဦးဆောင်ကော်မတီ၏ ပမာဏကို ထက်ဝက်လျှော့ချခဲ့ရကြောင်း ယင်းအဖွဲ့က ပြောကြားခဲ့သည်။

တရုတ်မျိုးချစ်စိတ်ဓာတ်ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံသည့် ဟောင်ကောင်မဟာမိတ်အဖွဲ့သည် ၁၉၈၉ ခုနှစ်က တီယန်မင်ရင်ပြင် ဒီမိုကရေစီရေးဆန္ဒပြသူများအား ပေကျင်းအစိုးရက သွေးမြေကျစေခဲ့သည့် ဖြိုခွဲမှုအတွင်း သေဆုံးခဲ့ရသူများ အထိမ်းအမှတ်အဖြစ် ဖယောင်းတိုင်ထွန်းညှိခြင်းနှင့် နှစ်စဉ် ချီတက်ပွဲစီစဉ်ခြင်းတို့အတွက် လူသိများသည်။

နိုင်ငံရေးနှင့် တရားစွဲခံရနိုင်သည့် အန္တရာယ်များ များပြားလာသည့်အတွက် ကျန်ရှိနေသည့်အဖွဲ့ဝင် ၁၄ ဦး အနက် ၇ ဦးက နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့သည်ဟု အဖွဲ့က ဇူလိုင် ၁၀ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်အဖွဲ့ဝင် ၇ ဦးတွင် ၃ ဦးဖြစ်သော ဥက္ကဌ လီချောက်ယန်၊ ဒုဥက္ကဌ အဲဘက်ဟိုချန်ယန်နှင့် ချိုဟန်တင်းတို့သည် ဆန္ဒပြမှုနှင့် ဆက်နွယ်သော လှုပ်ရှားမှုများကြောင့် ထောင်ကျနေသည်။

ယခင်ဗြိတိန်ကိုလိုနီဖြစ်ခဲ့သော ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်တွင် တရုတ်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် အခြေခံဥပဒေအရ တစ်နိုင်ငံစနစ်နှစ်မျိုး မူဝါဒဖြင့် ဟောင်ကောင်သည် အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ဆက်လက်ထားရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly