ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကျန်းမာရေး ဝန်ထမ်းများက ဒူးခေါင်းအမြင့်ခန့်နက်သည့် မြစ်ကို ဖြတ်သန်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေး

ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကျန်းမာရေး ဝန်ထမ်းများက ဒူးခေါင်းအမြင့်ခန့်နက်သည့် မြစ်ကို ဖြတ်သန်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေး

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်ရှိ အစွန်အဖျားရွာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးရန် ကျန်းမာရေးဝန်ထမ်းအဖွဲ့က ဒူးခေါင်းခန့်နက်သည့် မြစ်ကို ဖြတ်သန်းသွားခဲ့ကြသည်။

ရာဂျိုရီ ခရိုင်ရှိ ထရာလာကျေးရွာတွင် တစ်အိမ်တက်ဆင်း ကာကွယ်ဆေးထိုးပေးရန် မြစ်ကို ဖြတ်သွားခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၏ ဗီဒီယိုကို ထရာလာကျန်းမာရေးဌာန၏ တာဝန်ခံ ဒေါက်တာအီရမ်ယက်စ်မင်က အွန်လိုင်းတွင် တင်ခဲ့သည်။

“သွားလာရ ခက်ခဲတဲ့နေရာက ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးဖို့ အထက်က ညွှန်ကြားချက်ရခဲ့ပါတယ်” ဟု ဒေါက်တာယက်စ်မင်က သူမ၏ အခြားဗီဒီယိုတစ်ခုတွင် ပြောကြားထားသည်။

“အင်မတန်ခက်ခဲပေမယ့် ကျွန်မတို့ရဲ့ ကျန်းမာရေး ဝန်ထမ်းတွေက မြစ်တွေ၊ တောင်တွေနဲ့ အခြား အတားအဆီးတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ခဲ့ကြတာကြောင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်” ဟုလည်း သူမက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required