အိန္ဒိယနိုင်ငံ၏ Dr Reddy's Laboratories ဆေးကုမ္ပဏီက Sputnik V ကိုဗစ်ကာကွယ်ဆေးများကို ဖြန့်ဖြူး ရောင်းချပေးမည်

အိန္ဒိယနိုင်ငံ၏ Dr Reddy's Laboratories ဆေးကုမ္ပဏီက Sputnik V ကိုဗစ်ကာကွယ်ဆေးများကို ဖြန့်ဖြူး ရောင်းချပေးမည်

အိန္ဒိယနိုင်ငံ၊ ဟိုက်ဒါရာဘတ်မြို့အခြေစိုက် Dr Reddy's Laboratories ဆေးကုမ္ပဏီက ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လာမည့် သီတင်းပတ်များအတွင်း တိုးမြှင့် ရောင်းချပေးသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

“Sputnik V ကာကွယ်ဆေးများကို လာမည့် သီတင်းပတ်များအတွင်းမှာ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးသွားပါမယ်။ လက်ရှိ ရောင်းချနေတဲ့ ဆေးတွေကိုလည်း ရပ်ဆိုင်းသွားမှာ မဟုတ်ပါဘူး” ဟု အဆိုပါ ကုမ္ပဏီ၏ ၎င်း၏ တွစ်တာစာမျက်နှာတွင် ဇူလိုင် ၁၂ ရက်က ဖော်ပြခဲ့သည်။

Sputnik V ကာကွယ်ဆေးကို အိန္ဒိယတွင် မေ ၁၄ ရက်က စတင်၍ ဈေးကွက်အတွင်း အစမ်းရောင်းချခဲ့ကာ နိုင်ငံအတွင်းမှ မြို့ကြီးများနှင့် မြို့ပေါင်း ၅၀ ကျော်တွင် ကနဦး ရောင်းချခဲ့သည်။

ဟိုက်ဒရာဘတ်မြို့မှ စတင်၍ Sputnik V ကို ရောင်းချခဲ့ပြီး အခြားမြို့များသို့လည်း အမြန်ဆုံး ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း Dr Reddy's Laboratories ကုမ္ပဏီ၏ ကြေညာချက်တွင် ပါရှိသည်။

Dr Reddy's သည် ယင်းကဲ့သို့ ဖြန့်ဖြူးနိုင်ရန် တစ်နိုင်ငံလုံးရှိ အဓိကဆေးရုံများနှင့် မိတ်ဖက်ပြုလုပ်ထားကာ Sputnik V ကာကွယ်ဆေးကို အခကြေးငွေယူခြင်းအပါအဝင် အများပြည်သူသို့ ထိုးပေးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly