၉ ရက် ဆက်တိုက် ရုံးပိတ်မည်ဟု စစ်ကောင်စီ ကြေညာ

ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေမှုကို ကာကွယ်ရန်  ဇူလိုင် ၁၇ ရက်မှ ဇူလိုင် လ ၂၅ရက်နေ့အထိ ကိုးရက်တိုင်တိုင် ရုံးများပိတ်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှတဆင့်  ဇူလိုင်လ ၁၄ ရက်နေ့  ညပိုင်းက ကြေညာခဲ့သည်။ 

ကြောညာချက်ထဲတွင် တာဝန်နှင့်နာရေးမှအပ ခရီးသွားလာခြင်းမပြုရန်၊ မရှိမဖြစ် အခြေခံလိုအပ်ချုပ်များဖြစ်သည့် စက်သုံးဆီ ၊ သောက်သုံးရေသန့်၊ သားငါး နှင့်အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်လှစ်ရောင်းချရန် ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများ အရောင်ဆိုင်များ ဖွင့်လှစ်ရောင်းချရန် ၊ စားသောက်ဆိုင်များ ပါဆယ်စနစ် ဖြင့်သာ ရောင်းချရန် ၊  အစိုးရဆေးရုံးများ ပုဂလိကဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊  နှာခေါင်းစည်းတပ်ဆင်ရန် တို့ပါရှိပြီး ပျက်ကွက်ပါက အရေးယူသွားမည်ဟု ပါရှိသည်။   

ဇူလိုင်လ၁၃ ရက်နေ့ တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၀၈၃ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၄၅ ဦးအထိရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly